နာမည်ကျော်ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက အာဆင်နယ်အသင်းသည် ဂိုးဧရိယာနှစ်ခုစလုံးတွင် အားနည်းချက်ရှိနေပြီး ထိပ်တန်းတိုက်စစ်မှူးသာမက ထိပ်တန်းဂိုးသမား ခေါ်ယူအားဖြည့်မှသာ ချန်ပီယံဆု ရရှိနိုင်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
”အာဆင်နယ်အသင်းက ဂိုးဧရိယာနှစ်ခုစလုံးမှာ ပြဿနာရှိနေတာပါ။ တိုက်စစ်မှူးတင် လိုအပ်တာမဟုတ်ပါဘူး။ ရမ်းစ်ဒေးလ်နေရာ အစားထိုးတာလည်း အမှားမဟုတ်ပါဘူး။ ဒါပေမဲ့ အခုဂိုးသမားကလည်း အာတီတာအတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်နေပါပြီ။ သူက တူညီတဲ့အမှားတွေကို ဆက်တိုက်ကျူးလွန်နေပါတယ်”ဟု ကာရေဂါက ပြောကြားခဲ့သည်။
မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကလည်း အာဆင်နယ်အသင်းအနေဖြင့် လက်ရှိတိုက်စစ်မှူးများနှင့်သာ ရှေ့ဆက်ရန် မဖြစ်နိုင်ကြောင်း သတိပေးထားသည်။