အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့သည့် အင်္ဂလန်တောင်ပံကစားသမား ဆာကာသည် အသင်းတွင် လစာအများဆုံးရကစားသမားဖြစ်လာကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် အသင်းနှင့် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဆာကာအား ပြီးခဲ့သည့်နှစ်ကတည်းက စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့ပြီး ဖေဖော်ဝါရီလကတည်းက နှုတ်အားဖြင့် သဘောတူညီမှုရရှိထားကြောင်း သိရှိရသည်။
ဆာကာသည် ယခင်စာချုပ်အရ အာဆင်နယ်အသင်းတွင် တစ်ပတ်လစာ ပေါင်(၇၀၀၀၀)သာ ရရှိခဲ့သော်လည်း စာချုပ်သစ်အရ တစ်ပတ်လစာ ပေါင် (၃၀၀၀၀၀) ထိ ရရှိမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ယင်းလစာအရ ဆာ ကာသည် လက်ရှိ အာဆင်နယ်အသင်းတွင် လစာအများဆုံးရကစားသမားဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဆာကာ စာချုပ်သစ် မချုပ်ဆိုမီက အာဆင်နယ်အသင်းတွင် လစာအများဆုံးရရှိနေသူမှာ တစ်ပတ်လစာ ပေါင် (၂၆၅၀၀၀) ရရှိနေသည့် ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးဖြစ်သည်။ ယခုအခါ ဆာကာသည် အသင်းဖော် တိုက်စစ်မှူး ဂျေးဇူးကိုကျော်ကာ တစ် ပတ်လစာ ပေါင် (၃၀၀၀၀၀)ဖြင့် အာ ဆင်နယ်အသင်းတွင် လစာအများဆုံးရ ကစားသမားဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဆာကာသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနေပြီး (၃၇) ပွဲတွင် (၁၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ထားသည်။