အာတီတာရဲ့အသင်းဟာ ဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်သော်လည်း ဒရမ်မာကို အမြဲတမ်းရှာဖွေနေတာဖြစ်ပြီး မန်စီးတီးကသာ ပရီးမီးယားလိဂ်ဖလားကို ထပ်မံရရှိမှာဖြစ်ကြောင်း အကန်ဂျီက ပြောကြားလိုက်ပါတယ်။
“သူတို့တွေနဲ့အမြဲတမ်း ကစားတိုင်း သူတို့တွေရှာနေတာက ဒရမ်မာပါ။ နှစ်ယောက်တွေ့ဆုံတိုင်း ခက်ခဲပြီး ဂိုးပေါက်ထဲမှာ ကစားသမား ၁၁ ဦးဖြင့် ခံစစ်ဆင်ကာ setpieces တွေကနေသာ ဂိုးရရှိဖို့ကြိုးစားကြပါတယ်”
“ဥရောပမှာ သူတို့ထက်ကောင်းတဲ့အသင်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူတို့တွေက အားကစားစိတ်ဓာတ်မရှိတဲ့နေရာမှာ အရမ်းကိုကျွမ်းကျင်ပါတယ်။ ကျွန်တော်တို့ကသာ ဆုဖလားကို အမြဲတမ်းရရှိပြီး ဒီနှစ်မှာလည်း ကွာခြားသွားအုံးမျာဖြစ်ပါတယ်” လို့ အကန်ဂျီက ပြောထားပါတယ်။
သူတို့တွေက အရမ်းကိုပြိုင်ဆိုင်လိုကြတယ်လို့ ပြောဆိုကာ မန်စီးတီးခံစစ်မှူးက အာဆင်နယ်အသင်းရဲ့ အချိန်ဆွဲပုံကိုလည်း ပြောထားပါတယ်။ ပထမပိုင်းရဲ့နာကျင်အချိန်ပိုမှာ ထရိုဆက်က ထုတ်ပယ်ခြင်းခံခဲ့ရပြီး အာဆင်နယ်အတွက် ပထမဆုံးပွဲဦးထွက် ကစားတဲ့ အသက် ၁၇ နှစ်အရွယ် လူးဝစ်ဇ်စကယ်လီက လူစားမဝင်ရောက်မီ တစ်ခုခု မှာကြားခြင်းခံခဲ့ရပြီး နာကျင်ဟန်ဆောင်ဖို့အတွက် သွားရောက်ပြောကြားခဲ့ပုံရပါတယ်။
“ဒီလိုနဲ့ပဲ အဆုံးသတ်ဖို့လုပ်နေတာကြတာပါ။ နှစ်ဦးချင်းယှဉ်လုတဲ့အချိန်တိုင်းမှာ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကြိုးစားခဲ့ပြီး သူတို့တွေက လဲကျတာကြောင့် အလွတ်တည်ကန်ဘောတွေလည်း ပေးခဲ့ရပါတယ်”
“ကစားသမားတွေက လဲကျပြီးရင်း လဲကျနေကြတာပါ။ သူတို့အသင်းသားတွေထဲကတစ်ဦးက ဂိုးသမားကိုပါ လဲချဖို့အချိန်ဆွဲဖို့ ပြောကြားခဲ့ပုံရပါတယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး”
“ဒီလိုအခြေအနေအတွေနဲ့ပတ်သက်ပြီးက တစ်ရာသီလုံးမှာ ကွင်းလယ်ဒိုင်အပေါ်မှာပဲ မူတည်သွားတာပါ။ သူတို့တွေအနေနဲ့ ရမှတ် ၁ မှတ်ကို ကျေနပ်တယ်ဆိုပေမယ့် ကျွန်တော်တို့ကတော့ မကျေနပ်ပါဘူး။ အဲ့ဒီထက် အမှတ်ပိုရဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်” လို့ အသက် ၂၉ နှစ်အရွယ် ကစားသမားက ထပ်လောင်း ပြောကြားထားပါတယ်။
၉၈ မိနစ်မှာ ဂျွန်စတုန်းက မန်စီးတီးအတွက် သရေကျစေမယ့်ဂိုးကို သွင်းယူပေးခဲ့သော်လည်း အကန်ဂျီကတော့ အသင်းအနေနဲ့ ဆုဖလားရရှိဖို့ အစွန်းစွန်ဆုံးမှာ မရှိပါဘူးလို့ ပြောထားပါတယ်။
“ဒီပွဲက လိဂ်အတွက် အဆုံးအဖြတ်မဟုတ်ပါဘူး။ ကျွန်တော်တို့က ၉၉ မှတ်ရရှိဖို့လိုပါတယ်။ အဲ့ဒီလိုရဖို့အတွက် မျှော်လင့်မိပြီး ဘယ်လိုလှည့်ပြောင်းသွားမလဲဆိုတာ ကြည့်ရမှာပါ” လို့ သူက ပြောထားပါတယ်။
အာဆင်နယ်နှင့် ကစားအပြီး ၄၈ နာရီအကြာမှာ ဂွါဒီယိုလာရဲ့အသင်းဟာ နောက်ထပ်ပွဲအဖြစ် ကာရာဘောင်ဖလားပွဲမှာ ဝက်ဖို့ဒ်နှင့် ကစားရမှာဖြစ်ပါတယ်။
“ဒါတွေဘယ်လိုဖြစ်နိုင်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ နှစ်ရက်အပြီးမှာ ကျွန်တော်တို့က နောက်တစ်ပွဲကို ကစားရမှာပါ။ လုပ်စရာရှိတာကို ကျွန်တော်တို့လုပ်ရမှာဖြစ်ပြီး အဆင်သင့်ဖြစ်နေရမှာပါ” လို့ အကန်ဂျီက ပြောပါတယ်။