ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူနိုက်တက်နှင့် ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ မာတီနက်ဇ်နှင့်ထိခိုက်မိခဲ့တာကြောင့် ဒူးဒဏ်ရာရရှိခဲ့ကာ ဒီတစ်ပတ်အစောပိုင်းမှာလည်း အသက် ၂၂ နှစ်အရွယ် ကစားသမားက လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်းမရှိပါဘူး။
ပယ်လ်မာဟာ ကြာသပတေးနေ့ ကွန်းဖရင့်လိဂ်ပွဲမှာလည်း ချဲလ်ဆီးအတွက် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ဒဏ်ရာရစာရင်းမှာသာ ရှိခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အသင်းဖော်တွေနဲ့အတူ စတန်းဖို့ဒ်ဘရစ်ချ်က ပွဲကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။
နိုရက်အား အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ပြီးနောက် အာဆင်နယ်နှင့်ပွဲမီ သောကြာ သို့မဟုတ် စနေနေ့မှာ ပါလ်မာ လေ့ကျင့်ခန်းဆင်းနိုင်ဖို့ မျှော်လင့်မိကြောင်း နည်းပြက ပြောခဲ့ပါတယ်။
ပြန်ကစားနိုင်ဖို့အတွက် ပယ်လ်မာက တက်နိုင်သမျှ ကြိုးစားလုပ်ဆောင်နေမှာဖြစ်ပြီး သောကြာနေ့ ညနေက အင်စတာဂရမ်မှာ လေ့ကျင့်ရေးဝတ်စုံနှင့် အသင်းရဲ့လေကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာကို ကုထုံးဖြင့် ကုသမှုခံယူခဲ့တဲ့ပုံကို ပို့စ်တင်ခဲ့ပါတယ်။
ကြာသပတေးနေ့တုန်းက ပယ်လ်မာရဲ့အခြေအနေအား မေးမြန်းရာ မာရက်စ်ကာက “သူက ကောင်းလာပါပြီး ပိုပြီးတော့ ကောင်းလာပါပြီ”
“လမ်းလျှောက်နိုင်ရုံ ညစာထစားနိုင်ရုံနဲ့တော့ ကြံ့ခိုင်မှုပြည့်ဝပြီလို့ မဆိုနိုင်ပါဘူး”
“သူက ပိုကောင်းလာပြီး ပွဲအတွက်လည်း ကျွန်တော်တို့မှာ ပြင်ဆင်ချိန် ၂ ရက်ရှိပါသေးတယ်”
“သူ့အတွက် အနည်းဆုံး စနေနေ့လောက်မှာ လေ့ကျင့်ခန်း တစ်ခုလောက် လုပ်နိုင်မယ်လို့ မျှော်လင့်မိပြီး အဲ့ဒီနောက် သူ့အတွက် ဆုံးဖြတ်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
နယူးကာဆယ်နှင့် အင်တာတို့ကို ဆက်တိုက်ရှုံးနိမ့်ထားတဲ့ အာဆင်နယ်ကို အနိုင်ရရှိပါက ချဲလ်ဆီးဟာ တတိယနေရာသို့ ရောက်သွားမှာဖြစ်ပါတယ်။