သတင်းတွေအရ ပီအက်စ်ဂျီစတားတစ်ဦးဟာ စည်းကမ်းပိုင်းဆိုင်ရာပြဿနာကြောင့် အာဆင်နယ်နဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါကစားသမားဟာ ဒမ်ဘီလီဖြစ်ပြီး နည်းပြ အင်းနရစ်လက်အောက်မှာ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီအသင်းချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး ဒီရာသီလီဂူးဝမ်း ၆ ပွဲမှာလည်း ၄ ပွဲကို ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။
အသက် ၂၆ နှစ်သားဟာ ရန်းနက်စ်သအသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တောင်ပံနေရာမှာ ပါဝင်ခွင့်ရရရှိခဲ့ပြီး ၈၂ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သတင်းတွေအရ ပြင်သစ်သားတစ်ယောက် နည်းပြ အင်းနရစ်နဲ့အချင်းများခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းနည်းပြအဖွဲ့ဝင်တွေက သူ့ကိုလူစာရင်းကနေ ထုတ်ပယ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါအခြေအနေတွေကြောင့် ဒမ်ဘီလီအနေနဲ့ လာမယ့် အာဆင်နယ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲအပြင် ဒမ်ဘီလီအနေနဲ့ လာမယ့်အပတ် နိုက်စ်အသင်းနဲ့ပွဲမှာတောင် ပါဝင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
အာဆင်နယ်အတွက်တော့ ဒမ်ဘီလီမပါဝင်နိုင်မှာက သတင်းကောင်းတစ်ရပ်ဖြစ်ပြီး ပထမဆုံးကန်ခဲ့တဲ့အတ္တလန္တာနဲ့ပွဲမှာတော့ သရေကျထားခဲ့ပါတယ်။ပီအက်စ်ဂျီဟာ ဘာပေကိုလက်လွှတ်ထားခဲ့ရပေမယ့်လည်း စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနေဆဲဖြစ်ပါတယ်။
ပြည်တွင်းပြိုင်ပွဲတွေမှာ မာဆေးလ် နဲ့ မိုနာကိုတို့ တိုးတက်လာတဲ့အနေအထားမှာ ပီအက်စ်ဂျီက ဥရောပဘက်မှာ အောင်မြင်မှုရဖို့ ပစ်မှတ်ထားနေပါတယ်။ လူငယ်ကစားသမားတွေ တိုးတက်လာမှုနဲ့အတူ ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာနောက်ထပ်အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။