အာဆင်နယ်တောင်ပံကစားသမား မာတီနယ်လီကို PSG စူပါစတား နေမာနှင့် လဲလှယ်မည်မဟုတ်ကြောင်း ဒါရင်းဘန့် ရှင်းပြ

သူ့အနေဖြင့် အာဆင်နယ်တောင်ပံကစားသမား ဂါဘရီရယ် မာတီနယ်လီကို ပီအက်စ်ဂျီစူပါစတား နေမာ နဲ့ လဲလှယ်မှာမဟုတ်ကြောင်း အာဆင်နယ်ပရိသတ်တစ်ဖြစ်လဲ ဝါရင့်ဘောလုံးသမားဟောင်း ဒါရင်းဘန့် က ရှင်းပြခဲ့ပါတယ်။

မာတီနယ်လီဟာ ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၁၁ ဂိုးသွင်းယူကာ အာဆင်နယ်အသင်းအတွက် အံ့အားသင့်စရာကောင်းတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

myan789

ယင်းကိန်းဂဏန်းဟာ ပြိုင်ပွဲအရပ်ရပ် ၃၅ ပွဲကစားပြီး ဂိုး ၂၀ သွင်းကာ ၁၄ ဂိုးဖန်တီးမှုရှိထားတဲဲ့ နေမာရဲ့ ကိန်းဂဏန်းများနဲ့ယှဥ်ပါက အထင်ကြီးစရာနည်းပါတယ်။

နေမာကို ‘အံ့မခန်း’ ပါရမီရှင်တစ်ဦးအဖြစ် ရှုမြင်နေသော်လည်း လက်ရှိအခြေအနေတွင် သူ့အနေဖြင့် မာတီနယ်လီကို သူနဲ့တစ်နယ်တည်းသားဖြစ်တဲ့ နေမာနဲ့ လဲလှယ်မှာမဟုတ်ကြောင်း ဘန့် က ပြောကြားခဲ့ပါတယ်။

”နေမာက ရာသီကုန်ပြီမို့ အခုအချိန်မှာ မာတီနယ်လီကို ပိုအလိုရှိပါတယ်” ဟု အင်္ဂလန်တိုက်စစ်မှူးဟောင်း ဘန့်က ပြောကြားခဲ့ပါတယ်။

‘ဒါပေမဲ့ သူမဟုတ်ရင်တောင် ကျွန်တော့်အနေနဲ့ ကျွန်တော်တို့အသင်းကို သဘောကျနေပြီမို့ မာတီနယ်လီနဲ့ လက်တွဲမဖြုတ်ပါဘူး။ နေမာရဲ့ ခမ်းနားထည်ဝါမှုမှာ မယုံနိုင်စရာ ဖြစ်ပေမဲ့ အဆင်မပြေတဲ့ အချိန်တွေလည်းပဲ ရှိပါသေးတယ်။”

“သူကစားခဲ့တဲ့ဂိမ်းတွေကို ကြည့်လိုက်ရင် သူက ၂၀ ၊ ၁၇ ၊ ၁၅ ၊ ၁၈ ၊ ၂၂ နဲ့ ၂၀ [ပွဲတွေ] ကစားတယ်။ သူ အမြဲတမ်း ဒဏ်ရာရတယ်။”

“သူဟာ ကမ္ဘာ့အဆင့်ဆိုတာကို ကျွန်တော်သိပါတယ်၊ သူ့ကို အသင်းအတွက် ကစားသမားတစ်ယောက်အနေနဲ့ ထားချင်ပေမယ့် ဘယ်သူ့ဘယ်သူရဲ့ ဦးစားပေးကစားသမား ၁၁ ယောက်စာရင်းထဲကိုမှ သူဝင်တာ မဟုတ်ပါဘူး။”

“ကျွန်တော်က သူ့ရဲ့အရည်အချင်းကို မဝေဖန်ပါဘူး၊ ရိုးရိုးသားသားပြောရရင် သူက ထူးခြားပါတယ်။ သူ့စွမ်းရည်က ကြောက်စရာကောင်းတယ်။ ဘောလုံးနဲ့ သူလုပ်နိုင်တဲ့ အရာတချို့က အံ့အားသင့်စရာပါပဲ။ ဒါပေမယ့် သူက ပြဿနာနည်းနည်းများပါတယ်။”

“PSG မှာ အရင်က နည်းပြတွေ သူနဲ့ လက်တွဲခဲ့တာတွေအကြောင်း ပြောခဲ့တာတွေကို ကြည့်လိုက်ပါ၊ သူက မယုံနိုင်လောက်အောင်ကို ခက်ခဲစေပါတယ်။” ဟု ဘန့်က ပြောကြားခဲ့ပါတယ်။

နေမာဟာ ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီ၏ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှ ထွက်ခွာခဲ့ရပြီး သူ့ရာသီကို အဆုံးသတ်စေခဲ့ပါတယ်။

ညာဘက်ခြေကျင်းဝတ်ကို ခွဲစိတ်ကုသမှုခံယူရန် ပြင်ဆင်နေတဲ့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ‘ပိုမိုသန်မာစွာဖြင့် ပြန်လာရန်’ ကြွေးကြော်ထားပါတယ်။

“နေမာ ဟာ မကြာသေးမီနှစ်များအတွင်း သူ့ညာဘက်ခြေကျင်းဝတ်မှာ မတည်မငြိမ်ဖြစ်မှုများစွာကို ထိန်းထားနိုင်ခဲ့ပါတယ်” လို့ PSG အသင်းရဲ့ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့ပါတယ်။

‘‘သူ့နောက်ဆုံးအဆစ်လွဲမှုကို ခံရပြီးနောက်၊ Paris Saint-Germain ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ပြန်ဖြစ်နိုင်ချေ ကြီးကြီးမားမား မဖြစ်ရအောင် အရွတ်ပြုပြင်မှု လုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။”

‘‘ဆွေးနွေးခဲ့တဲ့ ပညာရှင်တွေ အားလုံးက လိုအပ်ချက်ကို အတည်ပြုပြီးပါပြီ။ ခွဲစိတ်မှုကို ဒိုဟာ ရှိ ASPETAR ဆေးရုံတွင် လာမည့်ရက်အနည်းငယ်တွင် ပြုလုပ်မှာဖြစ်ပါတယ်။”

“သူအသင်းနဲ့ လေ့ကျင့်ရေးပြန်မစခင် သုံးလကနေ လေးလလောက်ကြာလိမ့်မယ်။” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular