spot_img

အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီ သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် ဒဏ်ရာရရှိခဲ့ပြီး ပြင်းထန်ဖွယ်ရှိ

အာဆင်နယ်အသင်း လူငယ်တိုက်စစ်မှူး မာတင်နယ်လီသည် မနေ့က နယူးကာဆယ်အသင်းနှင့်ကစားခဲ့သည့် FA ဖလားပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေမှာ ပြင်းထန်ဖွယ်ရှိကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီသည် ပွဲထွက်စာရင်းတွင် ပါဝင်သော်လည်း သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် ဒဏ်ရာရရှိခဲ့သောကြောင့် နယ်လ်ဆင်က အစားထိုးဝင်ရောက်ကစားခဲ့ရသည်။ ၎င်းဒဏ်ရာရရှိသွားကြောင်း အာဆင်နယ်အသင်းက အတည်ပြုခဲ့ပြီး Scan စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းရမည်ဖြစ်သော်လည်း ဒဏ်ရာအခြေအနေမှာ ပြင်းထန်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

myan789

အာဆင်နယ်အသင်းနည်းပြ အာတီတာကလည်း “ကျွန်တော် တော်တော်စိတ်ညစ်သွားပါတယ်။ ပွဲမတိုင်ခင် ရုံးခန်းထဲမှာရှိနေတုန်း ဆေးဝန်ထမ်းတစ်ယောက် ဝင်လာပြီး သူ့ခြေချင်းဝတ်လည်သွားတယ်လို့ ပြောပါတယ်။ ဆေးအဖွဲ့အခန်းကို ကျွန်တော် ရောက်သွားတော့ သူ့ကို မျက်ရည်တွေနဲ့ တွေ့လိုက်ရတယ်။ ပုံစံကြည့်ရတာ သိပ်မကောင်းပါဘူး။ တော်တော်လည်း နာကျင်နေတယ်” ဟု ပြောကြားခဲ့သည်။

မာတင်နယ်လီသည် ဒူးဒဏ်ရာကြောင့် ခြောက်လကြာ အနားယူခဲ့ရပြီးနောက် ဒီဇင်ဘာမှသာ ပြန်လည်ကစားခွင့်ရခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular