spot_img

အာဆင်နယ်ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ကစားသမားရဲ့နာမည်ကို ပြောကြားလိုက်တဲ့ ယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးလ်

အာဆင်နယ်က လက်ရှိရာသီပရီးမီးယားလိဂ်တွင် တစ်ပွဲသာရှုံးနိမ့်ထားပြီး ၃နှစ်ဆက်တိုက် ဆုဖလားကိုစိန်ခေါ်ရန် မျှော်လင့်ထားသော်လည်း အသင်းရဲ့စွမ်းဆောင်ရည်က အနည်းငယ်အားနည်းနေတယ်လို့ စခိုးလ်က ထင်နေပါတယ်။သို့သော်လည်း ဒါဟာ နိုင်ငံအသင်းအတွက် ကစားပေးရင်း သြဂုတ်လတုန်းက ဒဏ်ရာရရှိခဲ့တဲ့ အိုဒီဂတ် မပါဝင်နိုင်တာကြောင့် ဖြစ်တယ်လို့ ယူနိုက်တက်ဂန္တဝင် ကစားသမားက ယုံကြည်နေပါတယ်။

အိုဒီဂတ်ဟာ ဒဏ်ရာကနေပြန်လည်သက်သာဖို့ နီးကပ်နေပြီလို့ ထင်ရသော်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စူဖလာရရှိရန်ကြိုးစားနေတဲ့ အသင်းအတွက် အကျိုးသက်ရောက်မှုရှိမယ်လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြိုင်ဘက်လီဗာပူးနှင့်၂-၂ ဂိုး သရေကျခဲ့သလို ဘုန်းမောက်နှင့်ပွဲမှာလည်း ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိချန်ပီယံမန်စီးတီးနှင့် ၅ မှတ်ကွာ အနေအထားသို့ရောက်သွားတာဖြစ်ပါတယ်။

myan789

“အာဆင်နယ်ဟာ အိုဒီဂတ်ကို သေချာပေါက် လိုအပ်နေမှာပါ။ သူဟာ အသင်းရဲ့ကစားပုံကိုပြောင်းလဲနိုင်တဲ့ တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်”

“အာဆင်နယ်ကို စိတ်ပျက်မိတယ်လို့ ရာသီအစောပိုင်းတုန်းကပြောခဲ့ဖူးပေမယ့် ဒါဟာ အိုဒီဂတ် ကြောင့်ပဲ အားလုံးအဆင်ပြေနေတယ်လို့ ထင်ပါတယ်။ အသင်းမှာ ပွဲပယ်နှင့် ဒဏ်ရာရာကစားသမားတွေရှိနေပေမယ့် အဆင်ပြေနေပါတယ်” လို့ စခိုးလ်က ပြောထားပါတယ်။ တနင်္ဂနွေနေ့က အမ်မရိတ်တွင် ၂-၂ ဂိုး သရေကျခဲ့တဲ့ ပွဲမတိုင်မီ ဒီရာသီမှာ မန်းစီးတီးအတွက် ဆုဖလားပြိုင်ဘက်က အာဆင်နယ်ထက် လီဗာပူးဖြစ်တယ်လို့ သူက မြင်ခဲ့တာပါ။

“ပထမပိုင်းမှာအာဆင်နယ်က ခြေစွမ်းကောင်းခဲ့သော်လည်း ဒုတိယပိုင်းမှာ လီဗာပူးက ပိုကောင်းလာပါတယ်”

“တစ်သင်းသင်းက မန်စီးတီးကို အနိုင်ယူနိုင်တယ်ဆိုတာ ပြသခဲ့ပြီး ဆုဖလားအတွက် လမ်းကြောင်းမှန်ပေါ်သို့ ရောက်သွားနိုင်ပါတယ်”

“နှစ်သင်းစလုံး အရမ်းကောင်းပါတယ်။ ဒီနှစ်သင်းထဲမှာ လီဗာပူးကသာ မန်းစီးတီးနဲ့ အနီးကပ်ဆုံးဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်” လို့ သူက ပြောပါတယ်။

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့ ပရီးမီးယားလိဂ်ဆိုဖလားကိုရရှိဖို့ နောက်တဆင့်သို့တက်ဖို့အတွက်ဆိုရင် ဒီလိုပွဲကြီးတွေမှာ အာဆင်နယ်က စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တိုးတက်ဖို့လိုတယ်လို့ သူက ထင်နေပါတယ်။

“ဒီလိုပွဲတွေမှာအာဆင်နယ်ကပိုကောင်းလာရမှာပါ။ တချိန်တည်းမှာပဲ လီဗာပူးကို အနိုင်ယူလိုက်ရမှာပါ”

Arsenal have lost just one game in the Premier League this season

“ပရီးမီးယားလိဂ်ဆုဖလားကိုရချင်တယ်ဆိုရင်တော့ ဒီလိုအသင်းကြီးတွေ ပြိုင်ဘက်တွေနဲ့ကစားတဲ့ပွဲမှာ အမှတ်ရယူထားဖို့လိုပါတယ်”

“ပြီးခဲ့တဲ့နှစ်ကို ပြန်ကြည့်ရမယ်ဆိုရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ အကောင်းဆုံးအနေအထားမှာ ရှိခဲ့ပြီး မန်စီးတီးက ကစားသမားအချို့ကို လက်လွှတ်ထားရတာပါ။ ဒီလိုစိတ်ဓာတ်မျိုးကို သူတို့ကပြောင်းလဲဖို့လိုအပ်ပါတယ်”

“တနင်္ဂနွေနေ့ပွဲတုန်းက ကစားသမားတွေဒဏ်ရာရရှိမှု ပွဲပယ်ခံရမှုတွေကြောင့် ပြဿနာလေးတွေရှိနေတာ ကျနော်သိပါတယ်။ ဒါကြောင့် အာတီတာ အတွက် မျှတတဲ့ရလဒ်ဖြစ်ခဲ့ပေမယ့် ဒီလိုပွဲတွေမှာ အနိုင်ယူရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတော့ရှိရမှာပါ”

“ဒီအသင်းတွေကိုအနိုင်မယူဘဲနဲ့ လိဂ်ဖလားကိုရရှိနိုင်ပေမယ့် မတ်လ လီဗာပူးနှင့် ပြန်လည်ကစားရမယ့်ပွဲမှာတော့ ကျနော်တို့ဒီလိုခံစားနေရဦးမှာပါ။ ဆုဖလားကိုရချင်တယ်ဆိုရင်တော့ ဒါပွဲကြီးပွဲကောင်းပါပဲ။ ချဲလ်ဆီးနှင့် ပွဲမှာလည်း နိုင်ရမယ်ဆိုရင် အာဆင်နယ်အတွက် အရမ်းကိုကောင်းသွားပါပြီ”

“အာဆင်နယ်ကဒီလိုလုပ်နိုင်တယ်လို့ သက်သေမပြထားပေမယ့် လီဗာပူးကတော့ လုပ်နိုင်ကြောင်းသက်သေပြထားတယ်လို့ ကျနော် ထင်ပါတယ်။ မန်စီးတီးကိုယှဉ်ပြိုင်ဖို့အတွက် အာဆင်နယ်ထက် လီဗာပူးက ပိုလုပ်နိုင်တဲ့ အသင်းပါ” လို့ စခိုးလ်က ပြောပါတယ်။

လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဟာ စိန့်ဂျိမ်းပါ့ခ်တွင် နယူးကာဆယ်နှင့် ကစားရမှာဖြစ်ပြီး လီဗာပူးကတော့ ဘရိုက်တန်နှင့် ကစားရမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ဘုန်းမောက်နှင့် ယှဉ်ပြိုင်ရမှာပါ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular