စပါးအသင်း၏ ၀ါရင့်တိုက်စစ်မှူး ဟာရီကိန်းက ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အသင်း၏တန်ဖိုးအချို့ပျောက်ဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ဟာရီကိန်းသည် Sky Sports နှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ယင်းကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်ပြီး နည်းပြဟောင်း ပိုချက်တီနိုလက်ထက်တွင် တိုက်ပွဲဝင်စွမ်းရည် အလွန်မြင့်မားသည့်အသင်းအဖြစ် ရှိခဲ့ရာမှ ယုတ်လျော့သွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စပါးအသင်းသည် ၂၀၁၉ ခုနှစ်တွင် ပိုချက်တီနိုကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် မော်ရင်ဟို၊ နူနိုဆန်တို၊ ကွန်တီ စသည့် နည်းပြ(၃)ဦးနှင့် ပြောင်းလဲလက်တွဲခဲ့သော်လည်း ပိုချက်တီနိုကိုင်တွယ်စဉ်ကထက် သာလွန်သည့်စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိခဲ့ပေ။