နယူးကာဆယ်အသင်းသည် အင်္ဂလန်ဂိုးသမား နစ်ပုပ်ကို ပုခုံးဒဏ်ရာကြောင့် ကာလရှည်ဆုံးရှုံးရဖွယ်ရှိနေသည့်အတွက် အစားထိုးရန် ဂိုးသမားသစ် ရှာဖွေနေကြောင်းသိရသည်။
မန်ယူအသင်းပြီးနောက် အခြားအသင်းတစ်သင်းသင်းတွင် ကစားခြင်းမရှိသေးသည့် ဂိုးသမားဟောင်း ဒီဟေးယားကို နယူးကာဆယ်အသင်းက ပစ်မှတ်ထားကာမျက်စိကျနေကြောင်းလည်း သိရသည်။
စပိန်လက်ရွေးစင်ဟောင်း ဒီဟေးယား(၃၃ နှစ်)သည် နွေရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေပြီး ဆော်ဒီကလပ်များ၏ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ထားသည်။
ဒီဟေးယားသည် ဥရောပပြင်ပသို့ထွက်ကစားရန် ဆန္ဒမရှိဘဲ ဥရောပဘောလုံးလောကတွင်သာ ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။