ဘာစီလိုနာအသင်းသည် ယခုနွေရာသီအပြောင်း အရွှေ့ကာလတွင် အသင်းမှထွက်ခွာတော့မည်ဟု သ တင်းများထွက်ပေါ်နေပြီး အနာဂတ်လှုပ်ခတ်နေသည့် ကွင်းလယ်လူ ကော်တင်ဟိုနှင့် တိုက်စစ်မှူး ဂရီးဇ်မန်းတို့ အား အသင်းတွင် ဆက်ထိန်းသွားရန် အလိုရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ဘာစီလိုနာအသင်း သည် အသင်းသမိုင်း၏ ကြေးအကြီးဆုံးပြောင်းရွှေ့ကြေး ရှင် (၂)ဦးဖြစ်သော ကော်တင်ဟိုနှင့် ဂရီးဇ်မန်းတို့အား အလွယ်တကူလက်လွှတ်ရန် ဆန္ဒမရှိသလို၊ နည်းပြ ရော် နယ်လ်ကိုးမန်းအနေဖြင့်လည်း လာမည့်ရာသီသစ်၎င်းင်း ၏အစီအစဉ်များတွင် ယင်းကစားသမား (၂)ဦးအား ထည့် သွင်းထားဆဲဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် မူလကစီစဉ်ထားသော ၎င်းင်းတို့၏ အပြောင်းအရွှေ့အစီအစဉ်များအား အပြောင်း အလဲလုပ်ကာ ကော်တင်ဟိုနှင့် ဂရီးဇ်မန်းအား အသင်း တွင်ဆက်ထိန်းရန် လိုလိုလားလား ဆန္ဒရှိနေကြောင်း ဘာ စီလိုနာအခြေစိုက် အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ ယခုနွေရာသီအပြောင်းအ ရွှေ့ကာလအစောပိုင်းထွက်ပေါ် ခဲ့သော သတင်းများအ ရ ဘာစီလိုနာအသင်းအနေဖြင့် အသင်း၏တိုက်စစ်ပိုင်း အတွက် မန်စီးတီးအသင်းမှ အဂွဲရိုးနှင့် လိုင်ယွန်အသင်းမှ ဒီပိုင်းတို့အား အလွတ်ပြောင်းရွှေ့ကြေးများဖြင့်ခေါ်ယူပြီး နောက် အသင်းတွင ်ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်နေရသည့် ကော်တင်ဟိုနှင့် ဂရီးဇ်မန်းတို့အား ရောင်းထုတ်သွား ရန်စီစဉ်နေကြောင်းသိရသည်။ ကော်တင်ဟိုအား အသင်း ဟောင်း လီဗာပူးလ်က ပြန်လည်ခေါ်ယူရန်ဆန္ဒရှိနေ ကြောင်း သတင်းများထွက်ပေါ် ခဲ့သလို၊ ဂရီးဇ်မန်းအနေဖြင့် လည်း အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည် ပြောင်းရွှေ့ရန်စီစဉ်နေကြောင်း စပိန်မီဒီယာများက ဖော် ပြခဲ့ကြခြင်းဖြစ်သည်။
ယင်းကစားသမား (၂)ဦးအသင်းတွင်ဆက်ရှိမည် ဆိုသည့် သတင်းမှာ လာမည့်ရာသီတွင် အဓိကဆုဖလား အောင်မြင်မှုများရယူရန် ပစ်မှတ်ထားနေသည့် ဘာစီလိုနာ နည်းပြ ရော်နယ်လ်ကိုးမန်းအတွက် စိတ်ကျေနပ်စရာဖြစ် ခဲ့ကြောင်းနှင့် ရော်နယ်လ်ကိုးမန်းအနေဖြင့် ဂရီးဇ်မန်း အား ပြီးခဲ့သည့်ရာသီကကဲ့သို့ ပွဲကစားခွင့်အခွင့်အရေးများ ပေးသွားမည်ဖြစ်သလို၊ ကော်တင်ဟိုကိုလည်း ရာသီသစ် တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။