spot_img

အသင်းမှထွက်ခွာဖွယ်ရှိနေသည့် လာပေါ့တ်၏နေရာတွင် လိုက်ပ်ဇစ်နောက်ခံကစားသမား ဂီဗာဒီယိုလ်နှင့်အစားထိုးရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပစ်မှတ်ထားနေ

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် အသင်းနောက်ခံကစားသမား လာပေါ့တ်၏နေရာတွင် လိုက်ပ်ဇစ်နောက်ခံကစားသမား ဂီဗာဒီယိုလ်နှင့် အစားထိုးရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်လက်ကျန် သုံးပွဲ၌ ပွဲတစ်ပွဲနိုင်ရုံဖြင့် ချန်ပီယံဆုကို သုံးနှစ် ဆက်တိုက် ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ထို့ပြင် မန်စီးတီးအသင်းသည် FA ဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်ထားသည့်အတွက် တစ်ရာသီအတွင်း ဖလားသုံးလုံးရရန်လည်း အခြေအနေကောင်းနေသည်။ 

myan789

သို့သော် မန်စီးတီးအသင်း၏ အဓိကကစားသမားဖြစ်သည့် ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားနှင့် လာပေါ့တ်တို့မှာ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ဂွါဒီယိုလာသည် လာမည့် ၂၀၂၃-၂၄ ရာသီတွင် မန်စီးတီးအသင်းကို ကြီးမားသည့်အပြောင်းအလဲပြုလုပ်သွားရန် စီစဉ်နေကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

အသက် ၂၈ နှစ်အရွယ်ရှိ စပိန်နောက်ခံကစားသမား လာပေါ့တ်သည် ယခုရာသီတွင် မန်စီးတီးအသင်း၌ ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၂၁ ပွဲသာ ပါဝင်က စားခွင့်ထားရသည်။ ထို့ကြောင့် လာပေါ့တ်သည် အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ် သက်တမ်းရှိနေသော်လည်း လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရှိရသည်။ အကယ်၍ လာပေါ့တ် ထွက်ခွာမည်ဆိုပါက မန်စီးတီးအသင်းအနေဖြင့်လည်း တားဆီးမည်မဟုတ်ဘဲ သင့်တော်သည့်ကြေးဖြင့် ကမ်းလှမ်းလာပါက လက်ခံ ဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် အသင်းမှ စပိန်နောက်ခံကစားသမား လာပေါ့တ် ထွက်ခွာသွားပါက ၎င်းနေရာတွင် အစားထိုးရန်အတွက် လိုက်ပ်ဇစ်နောက်ခံကစားသမား ဂီဗာဒီယိုလ်ကို မျက်စိကျနေကြောင်း သိရှိရသည်။ အသက် ၂၁ နှစ်အရွယ်ရှိ ဂီဗာဒီယိုလ်သည် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုးအေရှားအသင်းနှင့်အတူ ထွန်းတောက်လာသူဖြစ်သည်။ 

ထို့ ပြင် ဂီဗာဒီယိုလ်သည် ယခုရာသီတွင် လိုက်ပ်ဇစ်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၄၁ ပွဲတွင် ၃ ဂိုး သွင်းယူပေးထားသည်။ ထို့ကြောင့် ၎င်းအား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး ယခုအခါ မန်စီးတီးနည်းပြ ဂွွါဒီယိုလာက လက်ဦးမှုရယူကာ ၎င်းကိုခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

ဂီဗာဒီယိုလ်သည် ဗဟိုခံစစ်မှူးအဖြစ်သာမက ဘယ်နောက်ခံကစားသမားအဖြစ် ကစားနိုင်ခြင်းကြောင့် ဂွါဒီယိုလာက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ လိုက်ပ်ဇစ်အသင်းအနေဖြင့် ဂီဗာဒီယိုလ် အား အသင်းတွင် ဆက်ထိန်းလိုနေကြောင်း သိရှိရသည်။ ဂီဗာဒီယိုလ်သည် လိုက်ပ်ဇစ် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက် တမ်းရှိနေသော်လည်း ဥရောပထိပ်တန်းကလပ်များမှ ကမ်းလှမ်းလာပါက အသင်းပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။ 

ထို့ကြောင့် လိုက်ပ်ဇစ်အသင်းသည် ဂီဗာဒီယိုလ်အား လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် မဖြစ်မနေရောင်းချရမည်ဆိုပါက အနည်းဆုံး ပေါင် ၈၅ သန်းအထိ အလိုရှိနေကြောင်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular