အသင်းဖော် အဖြစ် တွဲဖက် ကစားချင်ပေမယ့် ပြိုင်ဘက် အဖြစ် မရင်ဆိုင်ချင်တဲ့ ကစားသမားနာမည်ကို ပြောကြားလိုက်တဲ့ အာဆင်နယ် လူငယ် ကြယ်ပွင့် ဆာကာ

အာဆင်နယ် အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဆာကာ က အင်္ဂလန် လက်ရွေးစင် အသင်းကြီးနဲ့ ပထမဆုံး အကြိမ် လေ့ကျင့်ခန်း ဆင်းချိန်မှာ ဂရီးလစ်ရှ် ရဲ့ ခြေစွမ်းဟာ အထင်ကြီးစရာ ကောင်းလောက်အောင် ကောင်းမွန်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ဆာကာ နဲ့ ဂရီးလစ်ရှ် တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြိုင်ဘက် အဖြစ် ရင်ဆိုင် ကစားခဲ့ကြပေမယ့် အခု အခါမှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ အသင်းဖော်တွေ အဖြစ် လေ့ကျင့်ခန်း ဆင်းနေရပြီ ဖြစ်ပါတယ် ။

myan789

ဆာကာ က အက်စတွန်ဗီလာ ကြယ်ပွင့် ဂရီးလစ်ရှ် ကို အသင်းဖော် အဖြစ် တွဲဖက် ကစားချင်ပေမယ့် ပြိုင်ဘက် အဖြစ် မရင်ဆိုင်ချင်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။ ” သူ(ဂရီးလစ်ရှ်) က ထိပ်တန်း ကစားသမား တစ်ဦးပါ ။ ”

” ကျွန်တော် အင်္ဂလန် အသင်းကြီးကို ပထမဆုံး အကြိမ် ရောက်တဲ့ အချိန်တုန်းက လေ့ကျင့်ရေးကွင်းမှာ အထင်ကြီးမိဆုံး ကစားသမားက ဂရီးလစ်ရှ် ပါပဲ ။ ဗီလာ အသင်း နဲ့ မကစားမှီမှာ ကျွန်တော်တို့ အသင်းကို ခြိမ်းခြောက် နိုင်တဲ့ ကစားသမား အဖြစ် သူ့ကို သတ်မှတ် ခဲ့ပါတယ် ။ ”

” တကယ်လည်း ပွဲအတွင်းမှာ ကျွန်တော်တို့ အသင်းကို ဒုက္ခ ပေးနိုင် ခဲ့ပါတယ် ။ ပွဲအစ ကနေ အဆုံး သူ့ရဲ့ ကစားပုံ က အံ့အား သင့်စရာပါ ၊ ဒါကြောင့် သူနဲ့ တွဲဖက် ကစားရတာ ကောင်းပေမယ့် ဒီတစ်ပတ်မှာ ပြိုင်ဘက် အဖြစ် ကစားရတာတော့ မကောင်းပါဘူး ။ ”

ဆက်လက်ပြီး ဆာကာ က အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် ခံရချိန် အသင်း ခေါင်းဆောင် ဟာရီကိန်း က လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

” အသင်းကို စရောက်တဲ့ ပထမဆူုံ မိနစ် ကတည်းက အသင်းက သူတွေကို ကျနော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ ကြပါတယ် ။ ဟာရီကိန်း ဆို ကျနော့် လက်မောင်းကို ကိုင်ပြီး စကားပြောပါတယ် ၊ ဘယ်လိုလဲ ဘာညာပေါ့ ။သူ အဲ့လို ပြောဆို ဆက်ဆံတာကြောင့်လည်း ကျနော် အသင်းမှာ အလျင်အမြန် အထိုင်ကျ သွားတာပါ ။ ”

” တခြားသူတွေ အားလုံးတွေနဲ့လည်း ပြောဆို ဆက်ဆံ ရတာ သက်သောင့်သက်သာ ရှိသွားပါတယ် ။ ကွင်းပြင်ပမှာကော ကွင်းအတွင်းမှာကော အထောက်အကူ အများကြီး ဖြစ်စေပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ နွေးထွေးတဲ့ ဆက်ဆံမှုကြောင့် ကျွန်တော်ဟာ ကိုယ့်အရည်အချင်းကို ထုတ်ပြနိုင်မယ်မှန်း ခံစားရသလို ကလပ်အသင်းမှာလို ယုံကြည်မှုလည်း ရလာ ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular