သတင်းတွေအရ ရီးရဲလ်တောင်ပံကစားသမား ဗင်နီဆီးယက်စ်တစ်ယောက် ပေါ်တူဂီဒုတိယတန်းကလပ်အသင်းတစ်သင်းကို ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဘရာဇီးကလာတဲ့သတင်းတွေအရ ဗင်နီတစ်ယောက် ပေါ်တူဂီလိဂ်က ကလပ်အသင်းတစ်သင်းကို ဝယ်ယူဖို့ စီစဉ်နေပြီး ဘောလုံးသမားဘဝအနားယူချိန်အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အဆိုပါလိဂ်မှာ အသင်း ၁၈ သင်းရှိနေပြီး ဘင်ဖီကာ ၊ ပေါ်တိုတို့လို B အသင်းတွေရှိနေတာဖြစ်ပါတယ်။ ဗင်နီရဲ့အသင်းဖော် ဘာပေကတော့ ပြင်သစ်ကလပ် ကိန်းအသင်းကို ဝယ်ယူထားပြီး ကမ္ဘာ့ဖလားတုန်းက သူ့ရဲ့ရင်းနှီးမြုပ်နှံမှုကို သူတို့ပရိသတ်တွေက ဘန်နာတွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဘရာဇီးသားကတော့ ဒီရာသီ အန်ဆယ်လော့တီလက်အောက်မှာ ခြေစွမ်းကောင်းတွေပြသနေပြီ ပြိုင်ပွဲစုံ ၁၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ကာ ၉ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ စပိန်စူပါဖလားဖိုင်နယ်ပွဲအဖြစ် ဘာစီလိုနာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဗင်နီတစ်ယောက်ပါဝင်နိုင်ချေနည်းပါးနေပါတယ်။