မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းနည်းပြသစ် တန်ဟက်ဂ်၏ လေ့ကျင့်ရေးအစီအစဉ်မှာ ပြင်းထန်ပြီး အစီအစဉ်တစ်ခုပြီးတိုင်း အလွန်မောပန်းနွမ်းနယ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။
မန်ယူနည်းပြသစ် တန်ဟက်ဂ်သည် ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး အသင်းလေ့ကျင့်ရေးအစီအစဉ်များတွင် ကစားသမားများကို ဆူပူမှုများရှိသလို၊ စည်းကမ်းချက်များလည်း ထုတ်ထားကြောင်း သိရသည်။
ဘရူနိုဖာနန်ဒက်စ်က “တန်ဟက်ဂ် က ပြင်းပြင်းထန်ထန်လေ့ကျင့်တာကို သဘောကျပြီး ဘောလုံးဆုံးရှုံးသွားတိုင်း အော်ဟစ်လေ့ရှိပါတယ်။ လေ့ကျင့်ရေးပြီးတိုင်း ကျွန်တော်တို့ အရမ်းပင်ပန်းပေမဲ့ ဒါက ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ပါပဲ”ဟု ပြောကြားခဲ့သည်။