spot_img

အသင်းခြေစွမ်းပိုင်း တိုးတက်လာမှုကို အာဆင်နယ်နည်းပြ အာတီတာ ချီးကျူး

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် နောဝစ်ချ်အသင်းအား အဝေးကွင်းတွင် (၅-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီးနောက် အသင်းခြေစွမ်းပိုင်း တိုးတက်လာမှုအပေါ် ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။

ယင်းနိုင်ပွဲသည် အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက် အနိုင်ရရှိစေခဲ့ပြီး အဆိုပါ(၄)ပွဲစလုံးတွင် လိဒ်စ်နှင့်ပွဲ၌ ပယ်နယ်တီပေးခဲ့ရသည်မှအပ Open Play မှ ဂိုးပေးရမှု လုံးဝမရှိခဲ့ကြောင်း သိရသည်။

myan789

“ပွဲကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ နေရာစုံကနေ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါက အမှန်တကယ်ကောင်းတဲ့ နမူနာတစ်ခုပါပဲ။ ကျွန်တော်တို့အတွက် ကြီးမားတဲ့နိုင်ပွဲ တစ်ပွဲပါပဲ။ ကျွန်တော်တို့ကစားပုံ ထက်မြက်ခဲ့ပြီး အာရုံအပြည့်စိုက်ထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အဝေးကွင်းနိုင်ပွဲတစ်ပွဲရဖို့ မလွယ်ကူပါဘူး။ ပွဲအစကတည်းက လွှမ်းမိုးထားနိုင်တဲ့ နည်းလမ်းနဲ့အတူ ကျွန်တော်တို့ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော် အရမ်းပျော်ပါတယ်။ ကြီးထွားလာမှု၊ နားလည်မှု၊ စုစည်းမှုနဲ့ ကျွန်တော်တို့ပရိသတ်တွေရဲ့ ထောက်ပံ့အားပေးမှုက အလိုရှိတဲ့ ကစားပုံနဲ့အတူ ချိတ်ဆက်အားကောင်းနေပါတယ်။ ကျွန်တော်တို့ပရိသတ်တွေနဲ့အတူ ကလပ်အသင်းရဲ့စုစည်းညီညွတ်မှုက အလွန်ကြည်နူးစရာကောင်းပါတယ်”ဟု အာတီတာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် နောဝစ်ချ်အသင်းအား အနိုင်ရပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဂိုးအပြတ်ဆုံး အဝေးကွင်းနိုင်ပွဲ ရရှိခဲ့ကြောင်း သိရသည်။ ပရီးမီးယား လိဂ်သမိုင်းတစ်လျှောက် ၁၉၉၉ ခုနှစ် ဧပြီလတွင် မစ်ဒယ်ဘရော့အသင်းအား (၆-၁)ဂိုး၊ ၂၀၀၉ ခုနှစ် သြဂုတ်လတွင် အဲဗာတန်အသင်းအား (၆-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်အသင်းအနေဖြင့် (၅)ဂိုးနှင့်အထက် ဂိုးပြတ်နိုင်သည့် တတိယမြောက် ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

အာတီတာ၏အသင်းသည် ပြီးခဲ့သည့်အပတ်က လိဒ်စ်အသင်းကိုလည်း ဂိုးပြတ်အနိုင်ယူထားသဖြင့် အဝေးကွင်းနိုင်ပွဲဆက်ကာ (၉)ဂိုးအထိ သွင်းယူထားခဲ့ပြီး ယင်းမတိုင်မီ ယခုရာသီ အဝေးကွင်း(၈)ပွဲတွင် (၆)ဂိုးသာ သွင်းယူထားခဲ့ကြောင်း သိရသည်။

နောဝစ်ချ်နှင့်ပွဲတွင် အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့သည့် တောင်ပံတိုက်စစ်ကစားသမား ဆာကာ(၂၀ နှစ် ၁၁၂ ရက်)မှာလည်း အသင်းသမိုင်းတစ်လျှောက် အနယ်လ်ကာ(၁၉ နှစ် ၂၂၅ ရက်)ပြီးနောက် ပရီးမီးယားလိဂ်ဂိုး (၁၀)ဂိုးပြည့်သည့် ဒုတိယမြောက်အသက်အငယ်ဆုံး ဖြစ်လာခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ယခုရာသီလိဂ်ပွဲ (၁၉)ပွဲအပြီးတွင် သွင်းဂိုး(၅)ဂိုး၊ ဂိုးဖန်တီးမှု(၄)ဂိုးနှင့်အတူ ပြီးခဲ့သည့်ရာသီက (၃၂)ပွဲကစားအပြီး ဂိုးပါဝင်ပတ်သက်မှုနှုန်းထက် တစ်ဂိုးသာနေခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular