spot_img

အသင်းကစားသမားများကို လျှော့စျေးဖြင့် ရောင်းမည်မဟုတ်ဟု ဒေါ့မွန်အမှုဆောင်ချုပ် ဆို

ဒေါ့မွန်အသင်း၏အမှုဆောင်ချုပ်ဖြစ်သူ ဝေါ့ဇ်ကီက လာမည့်နွေရာသီတွင် အသင်းကစားသမားများကို လျှော့စျေးဖြင့် ရောင်းမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၄၆)မှတ်ဖြင့် အဆင့်(၅)နေရာ၌ ရပ်တည်နေပြီး အဆင့်(၄)နေရာမှ မိုချန်ဂလာဘတ်(၅၃ မှတ်)နှင့် (၇)မှတ်အထိ ကွာဟနေသည်။

myan789

ထို့ကြောင့် ဒေါ့မွန်အသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်မည့်အခြေအနေမျိုး ကြုံတွေ့နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်သာ လွဲချော်ခဲ့မည်ဆိုပါက ဟော်လန်း၊ ဆန်ချိုတို့မှာ အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။

သို့သော် ဝေါ့ဇ်ကီက ဟော်လန်းနှင့် ဆန်ချိုတို့ကို အသင်းတွင်ဆက်ထိန်းရန် ဆန္ဒရှိနေပြီး မဖြစ်မနေရောင်းချရမည်ဆိုပါက ထိုက်တန်သည့်ကြေးဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝေါ့ဇ်ကီက “ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ ကြုံတွေ့နေရဆဲဖြစ်ပေမဲ့ ကျွန်တော်တို့မှာ အကြွေးလုံးဝမရှိပါဘူး။ တစ်ယူရိုတောင် အကြွေးမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေးအဆင်ပြေပြီး အသင်းကစားသမားတွေကို ရောင်းစရာမလိုပါဘူး။ ဒါပေမဲ့ ချမ်းသာတဲ့အသင်းတွေင ဒေါ့မွန်အသင်းရဲ့ ကစားသမားတွေကို လိုချင်နေကြပါတယ်။ သူတို့ကို ကျွန်တော် အချက်(၂)ချက် ပြောချင်ပါတယ်။ ပထမတစ်ချက်ကတော့ ဒေါ့မွန်ကစားသမားတွေကို လိုချင်တယ်ဆိုရင် နောက်ဆုတ်လိုက်ပါ။ အခွင့်အရေးမရှိဘူးဆိုတာပါပဲ။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ကစားသမားတွေရဲ့ တန်ကြေးကို သိရမယ်ဆိုတဲ့အချက်ပါပဲ။ ထိုက်တန်တဲ့စျေးမရဘဲနဲ့တော့ အသင်းကစားသမားတွေကို ကျွန်တော်တို့ ရောင်းချမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်း၏ နာမည်ကျော်လူငယ်ကစားသမားများဖြစ်သည့် ဆန်ချိုနှင့် ဟော်လန်းတို့ကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular