spot_img

အလီကို ခေါ်ယူဖို့ အတွက် နောက်တစ်ကြိမ် ချဉ်းကပ်လာခဲ့တဲ့ ပီအက်စ်ဂျီ

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ဖွင့်လှစ်တာ တစ်ပတ် တင်းတင်း ပြည့်တော့မှာ ဖြစ်ပေမယ့် ၊ လက်ရှိ အချိန်ထိ ခြောက်ခြောက်ကပ်ကပ် ရှိနေဆဲ ဖြစ်ပါတယ်။

ယခင် ကတည်းက ကလပ်အများစုဟာ မဖြစ်မနေ ဝင်ရောက်ရမယ့် အခြေအနေမျိုးတွေ ရှိမှ ၊ ဈေးကွက်အတွင်းကို ဝင်ရောက်လေ့ရှိတာ ဖြစ်ပြီး ၊ လက်ရှိမှာတော့ ဗိုင်းရပ် ကိစ္စကြောင့် ပိုလို့တောင် စဉ်းစား ချင့်ချိန်နေကြပါတယ်။

myan789

ပီအက်စ်ဂျီ ဟာ အလီကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ကတည်းက ကြိုးစားခဲ့ဖူးပြီး ၊ သုံးကြိမ် တိုင်တိုင် ကမ်းလှမ်းခဲ့သည့်တိုင်အောင် လန်ဒန် ကလပ်ဖက်က ပယ်ချခဲ့လို့ အပြောင်းအရွှေ့ဟာ အရာထင်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိ အချိန်မှာတော့ နည်းပြသစ် ပိုချက်တီနို ဖြစ်လာခြင်း နဲ့ အတူ အလီ ကို ခေါ်ယူချင်တဲ့ မျှော်လင့်ချက်ဟာ ပိုပြီးတော့ လက်တွေ့ဆန်လာတာကြောင့် ၊ နောက်တစ်ကြိမ် ခြေလှမ်းတွေ စတင်လာခဲ့ ပြန်ပါပြီ။ ပြင်သစ် ချန်ပီယံဟာ ဒုတိယ ရာသီဝက် အငှား ပုံစံမျိုး နဲ့ ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ယခင် အကြိမ်တွေ ကြိုးစားခဲ့စဉ်က ကစားသမားကို စည်းရုံးနိုင်မယ့် အဓိကလူ မရှိခဲ့သော်လဲ ၊ ဒီတစ်ကြိမ်မှာတော့ သူ့ကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်လာအောင် မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့ ပိုချက်တီနို ရဲ့ အရှိန်အဝါကြောင့် ဇန်နဝါရီ ရဲ့ ရှားရှားပါးပါး နာမည်ကြီး ကစားသမား အပြောင်းအရွှေ့မျိုးတောင် ဖြစ်လာနိုင်ပါတယ်။

စပါး ဘက်ကတော့ (အထူးသဖြင့် ဥက္ကဌ လီဗိုင်း) က ကစားသမားကို လက်လွှတ်ချင်တဲ့ ဆန္ဒမျိုး မရှိပါဘူး။ သူက အလီဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက် ပြန်ဖြစ်လာအောင် လုပ်ပြနိုင်စွမ်း ရှိနေဆဲလို့ ယုံကြည်ထားတာကြောင့် ယခင် ကတည်းက ကမ်းလှမ်းမှုတွေ အားလုံးကို ပယ်ချခဲ့သူပါ။

တစ်ချိန်တည်းမှာပဲ လိုစယ်စို ၊ ဘေးလ် တို့ဟာ ဒဏ်ရာ ပြသနာတွေ နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်လို့ ၊ ဒုတိယ ရာသီဝက်မှာ ကစားသမား အင်အားနည်းပါးစွာ နဲ့ ဖြတ်သန်းရမှာကို မလိုလားပဲ ဖြစ်နေပါတယ်။

ဒါ့ကြောင့် ကလပ်အသင်းဟာ နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက် မချခင် အသင်းမှာ ရှိနေတဲ့ ဒဏ်ရာပြသနာတွေ ရဲ့ အတိမ်အနက် ကို သေသေချာချာ သိခွင့် ရချင်နေပါတယ်။

အလီ ကိုယ်တိုင်ကတော့ မော်ရင်ဟို ရဲ့ လက်ထက်မှာ ကစားခွင့် တစ်နေရာ ပျောက်ဆုံး သွားပြီ ဖြစ်တာကြောင့် ၊ ပိုချက်တီနို နဲ့ ပြန်ပြီး လက်တွဲခွင့် ရနိုင်မယ့် အခွင့်အရေး ကို စိတ်လှုပ်ရှားလျှက် ရှိနေပါတယ်။ သူဟာ ကာရာဘောင်ဖလား အကြိုဗိုလ်လုပွဲစဉ် ဘရန်းဖို့ဒ် နဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာလဲ ၅ ယောက် လူစားလဲခွင့် ရှိသည့်တိုင်အောင် ၊ ဝင်ရောက် ကစားခွင့် မရခဲ့ပါဘူး။

ဒါကြောင့် ဒီတစ်ပတ်မှာ ကစားမယ့် အက်ဖ်အေ ဖလားပွဲစဉ် မရိန်း နဲ့ ပွဲမှာတော့ ကစားခွင့် တစ်နေရာ ပြန်ရဖွယ် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

ပိုချက်တီနို ဟာ စပါး နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသည့်တိုင်အောင် ၊ အသင်းမှာရှိတဲ့ ဝန်ထမ်းတွေ အားလုံး နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အလီ အကြားက ဆက်ဆံရေးတွေဟာ ပိုပြီးတော့ ကောင်းမွန်တယ်လို့ လန်ဒန် အသိုင်းအဝိုင်း က မှတ်ချက်ပေးထား ပြန်ပါတယ်။

ဥက္ကဌ လီဗိုင်း ကတော့ ကစားသမားအနေနဲ့ ဆရာဟောင်းရဲ့ လက်အောက်မှာ ကစားခွင့် ပြန်ရနိုင်တဲ့ အချက်ကို အလေးနက် နားလည်ထားပြီး ၊ ဘေးလ် နဲ့ လိုစယ်စို တို့ ကြံ့ခိုင်မှု အနေအထားကို ကြည့်ပြီးပဲ ဆုံးဖြတ်ချက် ချဖွယ် ရှိနေပါတယ်။

ပီအက်စ်ဂျီ ဘက်ကလဲ အလီ နဲ့ လီဗိုင်း ကို စည်းရုံနိုင်ပြီ ဆိုပါက အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ် ဆိုတာ နားလည်ထားပါတယ်။ မော်ရင်ဟို ကတော့ ကြားကနေ တစ်စုံတစ်ရာ နှောက်ယှက်သွားဖွယ် မရှိပါဘူး။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular