ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ရီးယဲလ်အသင်းမှ သြစတြီးယားနောက်ခံလူ အလာဘာကို တစ်နှစ် လစာ ယူရိုသန်း(၂၀)ဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။
အလာဘာ(၃၁ နှစ်)သည် ရီးယဲလ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
အလာဘာအနေဖြင့် စာချုပ်ကုန်သည်အထိ ရီးယဲလ်တွင် ဆက်နေရန် ဆန္ဒရှိနေသော်လည်း အယ်လ်အစ်တီဟတ်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
အယ်လ်အစ်တီဟတ်အသင်းသည် အလာဘာသာ လက်ခံပါက ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀)ပေးချေသွားရန် အသင့်ရှိနေကြောင်းလည်း သိရသည်။