spot_img

အရှုံးကနေ သင်ခန်းစာယူတတ်ဖို့ ယူနိုက်တက် လူငယ်တွေကို တိုက်တွန်းပြောဆို သွားတဲ့ နီမန်ဂျာ မာတစ်

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ တုန်းက ရာသီကြို ခြေစမ်းပွဲ အဖြစ် ကျူပီအာ အသင်းနဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး အဝေးကွင်းမှာ ၄ – ၂ ရလဒ် နဲ့ အရေးနိမ့် ခဲ့ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် ဒုတိယမြောက် ရာသီကြို ခြေစမ်းပွဲ ဖြစ်ခဲ့ပြီး ပထမ ပွဲမှာတော့ ဒါဘီ အသင်းကို ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ ဒီကနေ့ ပွဲမှာ လူငယ် အများအပြားကို အသုံးပြု သွားခဲ့ပြီး ပွဲထွက် လူစာရင်းရဲ့ ပျမ်းမျှ အသက် ဟာ ၂၁ နှစ်ကျော်ကျော်သာ ရှိခဲ့တယ်လို့ သိရ ပါတယ် ။ ယူနိုက်တက် အတွက် ပွဲအစ ၃ မိနစ် မှာတင် ဂျက်ဆီ လင်ဂတ် က ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။

myan789

ဒါပေမယ့် ကျူပီအာ ဘက်က ပထမပိုင်း မှာတင် ပြန်လည် ချေပ ခဲ့သလို ဒုတိယပိုင်း မှာလည်း ဂိုးတွေ ဆက်သွင်းပြီး ၄ – ၁ နဲ့ ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။ အဲ့ဒိ နောက်မှာတော့ ယူနိုက်တက် လူငယ်လေး အီလန်ဂါ က ချေပဂိုး ၁ ဂိုး ပြန်သွင်းပေးခဲ့ပြီး ၄-၂ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ပါတယ် ။

ယူနိုက်တက် ရဲ့ ဝါရင့် ကွင်းလယ် ကစားသမားကြီး နီမန်ဂျာ မာတစ် ကတော့ ဒီပွဲ ဟာ အသင်းနဲ့ အတူ လိုက်ပါ ကစားခဲ့ကြတဲ့ အကယ်ဒမီ ကစားသမားလေးတွေ ၊ လူငယ် ကစားသမားလေးတွေ အတွက် သင်ခန်းစာယူဖို့ အလွန်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်တယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

“သူတို့ ( လူငယ်တွေ ) ဒီပွဲကို မှတ်မိ နေကြမှာပါ ။ သူတို့ ထဲက တစ်ချို့တွေ အတွက်တော့ ဒါဟာ မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်း နဲ့ ဒုတိယမြောက် ပွဲ ဖြစ်နေပါပြီ ။ အမြဲတမ်း အနိုင် ရမှာ မဟုတ်ဘူး ဆိုတာကို သူတို့ ဒီနေ့ ပွဲကနေ လေ့လာ သင်ယူ နိုင်မယ်လို့ မျှော်လင့် ပါတယ် ။ ဒီ အတွေ့ အကြုံတွေက သူတို့ကို ပိုပြီး ကောင်းမွန် လာစေမှာပါ”

“ဒီနေ့ပွဲမှာ သူတို့တွေ သေချာ အာရုံစိုက်ပြီး ကြိုးစား ကစားခဲ့ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရ ပါတယ် ။ သူတို့ အတွက်တော့ ဒီနွေရာသီ ဟာ အကျိုးရှိတဲ့ နွေရာသီ ပါပဲ ။ အနာဂါတ် မှာ သူတို့တွေ ဘယ်လောက်ထိ လုပ်ပြနိုင် မယ်ဆိုတာကို စောင့်ကြည့် ရမှာပါ” လို့ မာတစ် က MUTV ကို ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ ယူရို ပြိုင်ပွဲ နဲ့ ကိုပါ အမေရိက ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင် ထားတဲ့ ကစားသမားတွေကို အနားပေး ထားဆဲ ဖြစ်ပြီး အန်တိုနီ မာရှယ် နဲ့ ဒေးဗစ် ဒီဂီယာ တို့ ကတော့ ကာရင်တန် လေ့ကျင့်ရေး ကွင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်း နေကြပြီလို့ သိရ ပါတယ် ။

ယူနိုက်တက် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ် ကတော့ ဒါဘီ ကောင်တီ နဲ့ ပွဲမှာ ပါဝင် ကစားခဲ့ ပေမယ့် ခြေကျင်းဝတ် ဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် အနားယူ နေရပြီး ရာသီ အဖွင့် ပွဲစဉ်တွေကို ပါဝင် နိုင်ဖို့ အလားအလာ နည်းပါး နေတယ်လို့ သိရ ပါတယ် ။ ယူနိုက်တက် တောင်ပံ ကစားသမားလေး ရက်ဖိုဒ့် ဟာလည်း ပုခုံး ဒဏ်ရာကို ခွဲစိတ်ကုသမှာ ဖြစ်ပြီး အောက်တိုဘာ – နိုဝင်ဘာလောက်ထိ နားရဖို့ ရှိတယ်လို့ ကြားသိရ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular