spot_img

အရွတ်ကြောဒဏ်ရာကြောင့် ဘာနယ်တစ်ယောက် တစ်ရာသီလုံးနားရမယ်လို့ ဘာစီလိုနာ အတည်ပြု

ဘာစီလိုနာအသင်းကတော့ လူငယ်ကွင်းလယ်လူ ဘာနယ်တစ်ယောက် အရွတ်ကြောဒဏ်ရာကြောင့် တစ်ရာသီလုံးနားရမယ်လို့ အတည်ပြုလိုက်ပါတယ်။

အသက် ၁၇ နှစ်သားဟာ ပြီးခဲ့တဲ့ညတုန်းက ဗယ်လက်ကာနိုအသင်းနဲ့ပွဲမှာ ပါဝင်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

myan789

လာမာစီယာအကယ်ဒမီထွက်ကစားသမားလေးဟာ ဒီရာသီဘာစီလိုနာရဲ့ပွဲစဉ် ၃ ပွဲစလုံးမှာာ ပါဝင်ထားခဲ့ပြီး အခုတော့ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ဘာစီလိုနာက ဘာနာဟာ ဘယ်ဘက်ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့သလို လာမယ့်ရက်အနည်းငယ်အတွင်းမှာ ခွဲစိတ်မှုခံယူမယ်လို့ ဆိုပါတယ်။

“စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ဘာနယ်ရဲ့ဘယ်ဘက်ဒူးအရွတ်မှာ ဒဏ်ရာရရှိခဲ့တာပါ။ အဆိုပါဒဏ်ရာကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ ခွဲစိတ်မှုခံယူမှာဖြစ်ပြီး ပြီးဆုံးခဲ့ရင် နောက်ထပ်သတင်းထုတ်ပြန်မှာပါ”လို့ ဘာစီလိုနာက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဘာနယ်ရဲ့ဒဏ်ရာအခြေအနေဟာ ကာလရှည်အနားယူရနိုင်တာဖြစ်ပြီး သတင်းတွေအရ ၂၀၂၄ – ၂၅ ရာသိတစ်ခုလုံးနားရနိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ်သတင်းတွေအရ ဘာနယ်အနေနဲ့ ၁၀ လကနေ ၁ နှစ်လောက်အထိ နားရနိုင်တယ်လို့ ဆိုပါတယ်။ ဘာနယ်ဟာ အခုလအစောပိုင်းတုန်းက ဗလန်စီယာနဲ့ပွဲမှာ စီနီယာအသင်းကစားသမားအဖြစ် ပွဲဦးထွက်ပါဝင်လာခဲ့ပြီး ဖလစ်လက်အောက်မှာ ပုံမှန်ပါဝင်ခွင့်ရနိုင်တာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular