spot_img

အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို အရ ခေါ်ယူနိုင်အောင် ကြိုးပမ်းသွားမယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကနေဒါ ဘယ်နောက်ခံကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ပြီး ဘိုင်ယန် ရီးယဲလ်တို့ထက် ပိုမိုများပြားတဲ့ ပမာဏတစ်ရပ်နဲ့ ကမ်းလှမ်းသွားဖို့ပါ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်အသင်းရဲ့ လက်ရှိ ဘယ်ခြမ်းခံစစ်မှာ လုခ်ရှောနဲ့ မာလာစီယာတို့ ရှိနေကြပေမယ့်လည်း ဒီကစားသမား (၂)ဦးလုံး injury prone player တွေလိုဖြစ်နေကြပြီး အထူးသဖြင့် ယူနိုက်တက်ရဲ့ အဓိက ဘယ်နောက်ခံလူ လုခ်ရှောဟာ ဒဏ်ရာ ပြဿနာတွေ မကြာခဏဆိုသလို ရရှိနေတက်ပါတယ်။

myan789

ဒါကြောင့် ယူနိုက်တက်က လာမယ့်နွေဈေးကွက်မှာပဲ ဘယ်နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီး လက်ရှိမှာတော့ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ ဘုန်းမောက်အသင်းက ဟန်ဂေရီ ဘယ်နောက်ခံလူ မီလိုစ် ကာကစ်ဇ်တို့ကို ပစ်မှတ်ထားလို့နေပါတယ်။

ဒီကစားသမားနှစ်ဦးထဲကမှ ယူနိုက်တက်နည်းပြသစ် ရူဘင် အမော်ရင်နဲ့ ကစားဟန်နဲ့ ပိုပြီး အံ့ဝင်နိုင်မယ့် အယ်လ်ဖွန်ဆို ဒေးဗီး်စ်ကို ယူနိုက်တက်ဘက်က ပိုမို အလိုရှိနေပြီး ဘိုင်ယန်ကလည်း သူတို့ရဲ့ ကစားသမားကို လာမယ့်နွေမှာ အလွတ်နဲ့ လက်မလွတ်ချင်တဲ့အတွက် စာချုပ်သစ် ကမ်းလှမ်းလို့ထားပြီး ရီးယဲလ်ကလည်း ဒီကစားသမားကို အလိုရှိနေပြန်ပါတယ်။

Manchester United are reportedly set to make a move for Bayern Munich's Canadian left-back Alphonso Davies

ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေးဗီးစ်ဟာ လက်ရှိကလပ် ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဒါမှမဟုတ် ရီးယဲလ်အသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ အခြေအနေ ပိုများနေပေမယ့် အခု ယူနိုက်တက်က ဒီအသင်းတွေထက် လက်ဦးမှု ရယူနိုင်ဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းလာပါတယ်။

ယူနိုက်တက်က အခု ဒေးဗီးစ်ကို စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းထားတဲ့ ဘိုင်ယန်နဲ့ ဘယ်နောက်ခံနေရာအတွက် ဒေးဗီးစ်ကို ချိန်ရွယ်ထားတဲ့ ရီးယဲလ်အသင်းတို့ ကမ်းလှမ်းလာကြမယ့် ပမာဏတွေထက် ပိုမို များပြားတဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းသွားဖို့ စိတ်အားထက်သန်လျက် ရှိနေတယ်လို့ ဂျာမနီက သတင်းထောက်တွေကနေ ဖော်ပြလာပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular