spot_img

အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေတဲ့ ဘိုင်ယန်မြူးနစ်

သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဘိုင်ယန်ဘုတ်အဖွဲ့က ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ စာချုပ်သစ်ကိုချုပ်ဆိုဖို့ အတည်ပြုပေးခဲ့ပြီဖြစ်ပါတယ်။အဆိုပါပမာဏဟာ ကစားသမားကို လာမယ့် ၅ နှစ်အတွက်ပေးချေမယ့် လုပ်ခလစာလည်း ပါဝင်မှာဖြစ်သလို အပိုဆုကြေးတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

အသင်းဘက်ကတော့ အခုစာချုပ်သစ်ချုပ်ဆိုတာက ကနေဒါသားကို လက်လွှတ်လိုက်မယ်ဆိုရင် အဲ့ထက်ပိုကုန်ကျနိုင်မယ်လို့ ယုံကြည်နေပါတယ်။သတင်းတွေအရ ဘိုင်ယန်ရဲ့လုပ်ခလစာပေးချေမှုဟာ ယူရိုသန်း ၃၂၀ နဲ့ ၃၄၀ ကြားအထိ ရှိနေတယ်လို့ သိရပါတယ်။ တကယ်လို့ အယ်လ်ဖွန်ဆိုကို စာချုပ်သစ်ချုပ်ဆိုခဲ့မယ်ဆိုရင် မူစီယာလာ ၊ ကင်မစ်ချ်တို့ကို စာချုပ်သစ်ထပ်ချုပ်မယ်ဆိုရင် လုပ်ခလစာတိုးပေးရဖို့များနေပါတယ်။

myan789

ဒါပေမယ့် ဘိုင်ယန်အနေနဲ့ အသင်းနဲ့အဆင်မပြေမယ့်ကစာသမားတွေကိုတော့ ရှင်းထုတ်ပြီး လုပ်ခလစာကိစ္စအဆင်ပြေအောင်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ ကနေဒါသားအခြေအနေကို အနီးကပ်စောင့်ကြည့်နေပေမယ့် ကစားသမားက ဘိုင်ယန်မှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် ရီးရဲလ်အနေနဲ့ ကနေဒါသားအစား အင်္ဂလန်သား အာနိုးလ်ကိုပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular