spot_img

အယ်ဘေးနီးယား Vs စပိန် ၊ ခရိုအေးရှား Vs အီတလီ ပွဲအပေါ် ခရစ်ဆပ်တန် ရဲ့ ခန့်မှန်းချက်

အယ်ဘေးနီးယား Vs စပိန် ( ဇွန်လ ၂၅ ၊ ကြာသပတေး ၊ မြန်မာ စံတော်ချိန် နံနက် ၁ နာရီခွဲ )

” ကျနော် အယ်ဘေးနီးယား ရဲ့ အင်ပြည့်အားပြည့် ကစားပုံ အပေါ် သဘောကျပါတယ် ။ ပြိုင်ဘက်ကို တကယ် ခြိမ်းခြောက် နိုင်စွမ်း ရှိပါတယ် ၊ ခံစစ် ပိတ်ဆော့ပေမယ့် တိုက်စစ်ဆင် ကစားတဲ့ အခါမှာ အရှိန်အဟုန် ကောင်းကောင်း နဲ့ ကစား နိုင်ပါတယ် ၊ သူတို့ ကစားတာ အကြောက်အလန့် လုံးဝ မရှိပါဘူး ။ ”

myan789

” စပိန် က အုပ်စုဗိုလ် ဖြစ်ဖို့ သေချာသလောက် ဖြစ်နေပါပြီ ။ ဒါကြောင့် ဒီနေ့ ပွဲမှာ သူတို့ အပြောင်းအလဲတွေ လုပ်ပြီး ပွဲထွက်လာဖို့ ရှိပါတယ် ၊ သူတို့ အနိုင်လည်း ရဦးမှာပါ ၊ အီတလီ နဲ့ ပွဲမှာ သူတို့ အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့တာကိုပဲ ဝေဖန် စရာ ရှိပါတယ်။ အဲ့ဒီပွဲမှာ နီကိုဝီလီယံ အတော်ကောင်းခဲ့ပါတယ် ၊ လော်ရန်ဇို လို ကမ္ဘာ့အဆင့် အစွန် နောက်ခံလူကို ‌ဒုက္ခပေးသွားခဲ့တာပါ ၊ သူ ခြေစွမ်းဆက်ပြ ဦးမယ်လို့ ထင်ပါတယ် ။ ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – အယ်ဘေးနီးယား ၀-၂ စပိန်

ခရိုအေးရှား Vs အီတလီ ( ဇွန်လ ၂၅ ၊ ကြာသပတေး ၊ မြန်မာ စံတော်ချိန် နံနက် ၁ နာရီခွဲ )

” ခရို‌အေးရှား က စပိန် နဲ့ ပွဲမှာ အပြတ်အသတ် ချေမှုန်း ခံရသလို အယ်ဘေးနီးယား နဲ့ ပွဲမှာလည်း နိုင်ပွဲ မရခဲ့ပါဘူး ။ အယ်ဘေးနီးယား က ခရိုအေးရှား ကို ဒုက္ခ အများကြီး ပေးသွားခဲ့တာပါ ၊ ကျနော် အရင်ကလည်း ပြောဖူးပါတယ် ၊ ခရိုအေးရှား အသင်း ကစားသမားတွေက အသက်ကြီး‌နေကြပါပြီ ။ ”

” ဒါပေမဲ့ အီတလီကလည်း စပိန် နဲ့ ပွဲမှာ ဘာမှ မလုပ်နိုင်ခဲ့တဲ့ အသင်းဆိုတော့ ခရိုအေးရှား အတွက်‌ မျှော်လင့်ချက် အနည်းငယ် ရှိပါတယ် ။ စပိန် နဲ့ ပွဲမတိုင်မှီ အီတလီ နည်းပြ စပယ်လက်တီ က သူတို့ အသင်းရဲ့ ကိုယ်ပိုင် ဘောလုံး ကစားဟန် ကပဲ သူတို့ အသင်းကို ကယ်တင် မှာ ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် စပိန် နဲ့ ပွဲမှာ အဲ့ဒီ ကိုယ်ပိုင်ဟန် ဆိုတာကိုတောင် မတွေ့ခဲ့ရပါဘူး ၊ အီတလီ အနေနဲ့ အများကြီး တိုးတက်ဖို့ လိုအပ်ပါတယ်။ ”

” ဘယ်အသင်း အနိုင်ရမလဲ ပြောရ ခက်ပါတယ် ။ ဒါပေမဲ့ ခရိုအေးရှား အသင်း အုပ်စုက ပြုတ်မယ်ဆိုတဲ့ ကျနော့်ရဲ့ အစောပိုင်း ခန့်မှန်းချက် အတိုင်းပဲ ဆက်လက် ရပ်တည် သွားပါမယ် ၊ စပိန် အသင်း နဲ့ ပွဲက စွမ်းဆောင်ရည် ကို မကြိုက်ပေမယ့် ဒီပွဲမှာတော့ အီတလီ ကို ပိုကြိုက်ပါတယ် ။ ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – ခရိုအေးရှား ၀-၁ အီတလီ

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular