spot_img

အမှားတချက်ကြောင့် အဲဗာတန် ကို ပင်နယ်တီ ကန်ခွင့်ပြုလိုက်ရတဲ့ မန်ဒီ နဲ့ ပတ်သက်ပြီး တုန့်ပြန် ပြောဆိုလာတဲ့ လမ်းပတ်

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ အဆင့် ၃ နေရာ က ချဲလ်ဆီး အသင်း ဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ် မတည်မငြိမ် ဖြစ်နေခဲ့တဲ့ အဲဗာတန် အသင်း ကို အဝေးကွင်း မှာ အိုက်စလန် ကွင်းလယ်လူ ဂစ်လ်ဖီ ဆီဂတ်ဆန် ရဲ့ တလုံးတည်းသော ပင်နယ်တီ သွင်းဂိုး နဲ့ အတူ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပါတယ် ။

ဒီ ပင်နယ်တီ သွင်းဂိုးမှာ အဓိက ပေါ့ဆခဲ့သူ ကတော့ ဆီနီဂေါ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီပဲ ဖြစ်ပါတယ် ။ မန်ဒီ ဟာ ဒီနေရာမှာ အဲဗာတန် တိုက်စစ်မှူး ဒိုမီနစ် ကယ်ဗတ် လီဝင် က ဘောလုံး အရင် ကြိုရမယ် မမှန်းဆမိပဲ ၊ အရှေ့ထွက်ကာ ဘောလုံး တားဆီးရင်း ပြစ်ဒဏ် ကျူးလွန်မိသလို ဖြစ်သွားခဲ့ပါတယ် ။

myan789

မန်ဒီ ဟာ ဒီရာသီ ချဲလ်ဆီး အသင်း အတွက် ပရီးမီးယားလိဂ် Clean Sheet ၅ကြိမ် အထိ ရှာဖွေထားပေးခဲ့ပေမယ့် ၊ ဒီ အမှား က ၎င်းရဲ့ ယုံကြည်မှု ကို ကျဆင်းစေမှာလား ဆိုတာကတော့ ခန့်မှန်းရခက်ပါတယ် ။ လာမယ့် ပွဲစဉ်တွေမှာ ဒီ သက်ရောက်မှု က ဘယ်လောက် အထိ ကြီးမားနိုင်လဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

သို့ပေမယ့် မန်ဒီ ဟာ ဒီ ပင်နယ်တီ ခွင့်ပြုခဲ့ရတာ က လွဲရင် ၊ ကျန်တဲ့ ပွဲချိန် အခိုက်အတန့် တွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့သလို ၊ ရစ်ချာလီဆင် ရဲ့ ဒုတိယပိုင်း ကန်ချက် တကြိမ် ကိုလည်း လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ် ။ သေချာတာက ဖရန့် လမ်းပတ် ဟာ ဒီ တပွဲတည်းနဲ့တော့ မန်ဒီ ကို အရန်ခုံ ပို့ပြီး ကီပါ ကို ပွဲပြန်ထုတ်မှာတော့ မဟုတ်ပါဘူး ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာလည်း လမ်းပတ် က မန်ဒီ ရဲ့ အမှား အပေါ် တစုံတရာ အပြစ်တင် ဝေဖန်ဖို့ထက် ၊ မန်ဒီ လက်စွမ်းပြခဲ့တဲ့ အချိန်တွေကို ပြန်လည် ထောက်ပြခဲ့ကာ ၊ ရှုံးပွဲတွေ့ခဲ့ခြင်း ဟာ တိုက်စစ် က လုံလောက်တဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့လို့ ၊ အဆုံးသတ် မသေချာခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း အခုလိုပဲ ပြန်လည် ဖြေကြားခဲ့ပါတယ် ။

လမ်းပတ် က ” အက်ဒို ဟာ ကျွန်တော်တို့ အသင်းဆီ ပြောင်းရွှေ့လာကတည်းက ၊ လက်စွမ်းကောင်းတွေ ပြသနေခဲ့တာပါ ။ ဒီနေ့ ခွင့်ပြုခဲ့ရတဲ့ ပင်နယ်တီ ကလည်း သူ့ အမှား တခုတည်းကြောင့် လို့ ကျွန်တော် မထင်ပါဘူး ။ ဒုတိယ အကြိမ် ထွက်လာတဲ့ ဘောလုံး တွေမှာ ကိုယ့် ခံစစ် က မထိန်းသိမ်းနိုင် ဖြစ်ခဲ့တာကြောင့်လည်း ပါဝင်ပါတယ် ။ ”

” နောက်ပြီး ပြိုင်ဖက် အသင်း ကလည်း ခံစစ်ပိုင်း ကျစ်လျစ်မှု ရှိသလို ၊ စုစည်းမှုအား ကောင်းကောင်း နဲ့ တုန့်ပြန်ခဲ့တာကြောင့် ၊ ပွဲချိန် တချို့မှာ ကျွန်တော်တို့ အခက်တွေ့ခဲ့ရပါတယ် ။ ဒါ့အပြင် အခွင့်အရေးတွေလည်း လုံလုံလောက်လောက် ဖန်တီးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။ ”

” တဖက်မှာ ပြိုင်ဖက် ကိုပါ အဖွင့်ဂိုး ခွင့်ပြုခဲ့ရတာကြောင့် ပိုလို့တောင် ခက်ခဲခဲ့ရပါတယ် ။ နောက်ပြီး အခွင့်အရေးကောင်း အနည်းငယ်ကြောင့်လည်း ကျွန်တော်တို့ဟာ ဒီနေ့ပွဲကို ရှုံးဖို့ ထိုက်တန်ခဲ့တယ် လို့ ကျွန်တော် မထင်ပါဘူး ။ ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် ဒီနေ့ပွဲမှာ ကျွန်တော် တို့ဟာ ကိုယ့်ပိုင် ပုံစံ အစစ်အမှန် ကို မရနေခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ဒီ ရှုံးပွဲ မတိုင်ခင် က ပြိုင်ပွဲစုံ ၁၇ပွဲဆက် ရှုံးပွဲ မရှိ ၊ မှတ်တမ်းကောင်း ကို စွမ်းဆောင် ထားနိုင်ခဲ့ပေမယ့် ၊ ဒီပွမှာ တောင်ပံ တိုက်စစ် အားနည်းချက်တွေနဲ့ အဲဗာတန် ကို ရှုံးခဲ့ရပါတယ် ။ မနေ့က ပွဲအကြောင်း အကျဉ်းချုံး ကိုလည်း လမ်းပတ် က အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

လမ်းပတ် က ” ဒီနေ့ ပွဲမှာ ကျွန်တော်တို့ တခုခုတော့ ရအောင် စွမ်းဆောင်နိုင်ခဲ့သင့်တယ် လို့ ထင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး လို့တော့ မပြောချင်ပါဘူး ။ ဒါဟာ ဘောလုံး လောကပါ ။ ကျွန်တော် တို့ဟာ ပြိုင်ဖက် ရဲ့ ဂိုးပေါက် ကို open play မှ တဆင့် ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့တယ် လို့ မထင်မိပါဘူး ။ ”

” ရိစ် နဲ့ မေဆင် တို့ရဲ့ ကန်ချက်တွေက ဂိုးတိုင်ထိခဲ့ပြီး ၊ သရေ တမှတ် ရဖို့ ကောင်းခဲ့တယ် ဆိုပေမယ့် ၊ ကျွန်တော် တို့ဟာ ဒီနေ့ည မှာ အကောင်းဆုံး အနေအထားမှာ ရှိမနေခဲ့ပါဘူး ။ ကျွန်တော် တို့ဟာ ဒီမတိုင်ခင် က ပုံစံကောင်းတွေ တောက်လျှောက် ပြသနိုင်ခဲ့တာ မှန်ပါတယ် ။ ”

” တဖက်မှာ ကျွန်တော် တို့ဟာ အဲဗာတန် အသင်း ရဲ့ ကြံ့ခိုင်မှု အသားပေး ပုံစံ နဲ့ ချဉ်းကပ်မှာ ကိုလည်း သိထားခဲ့ပေမယ့် ၊ ရင်ဆိုင် တုန့်ပြန်နိုင်ခဲ့ခြင်း မရှိပါဘူး ။ အဖွင့်ဂိုး ပေးလိုက်ရတာနဲ့ ခင်ဗျား ဟာ ကိုယ့်ဖက်ကိုပဲ အမှားတွေ လုပ်နေခဲ့မိပါတယ် ။ ဒီလိုပဲ တပွဲလုံး သွားနေခဲ့ပြီး ၊ ပြိုင်ဖက် ခံစစ် ကို ကောင်းကောင်း မထိုးဖောက်နိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular