spot_img

အမှတ်ပေးဇယားကို အမှတ်အပြတ်အသတ်ဖြတ်ပြီး ဦးဆောင်နေသော်လည်း လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းမှာ ချယ်လ်ဆီး(သို့)ရေးဗားပလိတ်ဟု ဂွါဒီယိုလာ ဆို

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက သူ၏အသင်းသည် လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အမှတ်ဖြတ်ဦးဆောင်နေသော်လည်း လက်ရှိ ကမ္ဘာ့ အကောင်းဆုံးအသင်းမှာ ချယ်လ်ဆီး (သို့မဟုတ်) ရေးဗားပလိတ်အသင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ဘက်အသင်းများနှင့် အမှတ်ကွာဟမှုကို ဆက်လက်တိုး မြှင့်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ သူ၏အသင်းသည် ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေပြီလားဆိုသည့် မေးခွန်းများကိုလည်း ဖြေကြားခဲ့ရသည်။

myan789

ဂွါဒီယိုလာက “ကျွန်တော်တို့ အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်း မဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံးအသင်းက ချယ်လ်ဆီးပါ။ သူတို့က ဥရောပချန်ပီယံကလပ်အသင်းဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ရေးဗားပလိတ်အသင်းပါ။ သူတို့က တောင်အမေရိက ချန်ပီယံအသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတွက် အရေးကြီးတာက နိုင်ပွဲတွေရဖို့ဖြစ်ပြီးနောက် (၃)ရက်အကြာမှာ ကစားမယ့် နောဝစ်ချ်အသင်းနဲ့ပွဲကိုလည်း ထပ်ပြီးနိုင်ချင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတဲ့ သတ်မှတ်ချက်တွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် ဂရုစိုက်တာက ပိုကောင်းအောင် အမြဲတမ်းကစားနေဖို့နဲ့ ဒါကို ပျော်ရွှင်စွာ လုပ်နေဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာက ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲစဉ်တွင် ပုံစံကောင်းပြနိုင်ခဲ့ခြင်းအတွက် အသင်းသားများကို ချီးကျူးခဲ့ပြီး ဘရန်ဖို့ဒ်အသင်းသည် ကစားရခက်ခဲသည့် အသင်းတစ်သင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

“တကယ် ကို ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ သူတို့ရဲ့ ခံစစ်ကစားပုံက ကျွန်တော့်တိုက်စစ်ကစားသမား တစ်ဦးချင်းကို ကွင်းရဲ့ ဘယ်နေရာမဆို လိုက်ကပ်ကစားပြီး သူတို့ Pressing လုပ်တာကို ကျွန်တော်တို့က ကျော်ဖြတ်နိုင်တာနဲ့ ခံစစ်ဇုန်ကို စုပြုံပြီး ပိတ်ဆို့ကြတယ်။ အဲဒီအခါ အရမ်းကျစ်လျစ်ပြီး Space တွေလည်း မရှိဘူး။ ကျွန်တော်တို့ စိတ်ရှည်ရှည်ထားခဲ့ရတယ်။ အမှားမရှိအောင် ကြိုးစားရတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပြီး ဂျွန်စတုန်းစ်နဲ့ စတာလင်တို့ရဲ့ စွမ်းဆောင်ရည်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက အရမ်းခက်တယ်ဆိုတာ ကျွန်တော်တို့သိပြီး အရမ်းအရေးပါတဲ့ နိုင်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular