spot_img

အမြင့်ဘောများအသုံးပြု၍ မန်ယူကို ကစားသွားမည်ဖြစ်ကြောင်း မိုယက်စ်ပြောဆို

မန်ယူသည် တနင်္ဂနွေနေ့ညတွင် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းတွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲသည်မန်ယူ၏ အဆင့် ၄ အတွင်းဝင်ရေးရည်မှန်းချက်အတွက် အရေးပါလာသည်။

ဝက်စ်ဟမ်းအသင်းမန်နေဂျာ မိုယက်စ်က ၎င်း၏အသင်းအတွင် အရပ် ၆ ပေရှည်သော ကစားသမားများဖြစ်ကသည့် ရိုက်စ် ဆိုးချက်နှင့် အဲဂွက်တို့ပါဝင်လာနိုင်ပြီဖြစ်သောကြောင့် မန်ယူအသင်းကို အမြင့်ဘောများအသုံးပြု၍ အသာယူသွားမည်ဖြစ်ကြောင်းပြောဆိုလိုက်သည်။ ထိုကစားသမားသုံးဦးသည် မန်စီးတီးကို ၃-၀ ဖြင့်ရှုံးနိမ့်သည့်ပွဲတွင် ပါဝင်နိုင်ခြင်းမရှိဖြစ်ခဲ့သည်။

myan789

“ဒီကစားသမားသုံးဦးမပါဝင်နိုင်တဲ့အတွက် မန်စီးတီးနဲ့ပွဲမှာ ကျွန်တာ်တို့အသင်းက အားနည်းခဲ့ရတာဖြစ်ပါတယ်။ အရပ် ၆ ပေရှိတဲ့ကစားသမားသုံးဦးလောက်မပါဝင်နိုင်တာက အသင်းကို အားနည်းစေပါတယ်။ မန်စီးတီးမှာ အာကန်ဂျီ ဒီယက်စ် စတုံး ဝေါ်လ်ကာ ရိုဒရီ ပြီးတော့ ဟာလန်းတို့ပါဝင်ပါတယ်။ တကယ့်ကိုလူကောင်ကြီးတဲ့ ကစားသမားတွေဖြစ်လို့ သူတို့ကို တွန်းတွန်းတိုက်တိုက်ကစားဖို့ဆိုတာ မလွယ်ပါဘူး။ မန်ယူလိုအသင်းမျိုးကို ကိုင်တွယ်ရတယ်ဆိုတာက တစ်ပွဲလောက် အနိုင်အရှုံးကပဲ အများကြီးစကားပြောပါတယ်။ ဖိအားတွေ ရှိနေမှာပါပဲ”ဟု မိုယက်စ်က ပြောဆိုလိုက်သည်။ အာဆင်နယ်မှ ဆာကာကို ထိန်းချုပ်သကဲ့သို့ပင် မန်ယူမှ အန်ထော်နီကို ထိန်းချုပ်သွားမည်ဖြစ်ပြီး အန်ထော်နီကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း မိုယက်စ်က ပြောဆိုလိုက်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular