spot_img

အမျိုးသမီး(၂)ဦးကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်ဆိုသည့်စွပ်စွဲချက်များကို ရိုင်ယန်ဂစ် ငြင်းဆန်

ဝေးလ်စ်လက်ရွေးစင်အသင်းနည်းပြနှင့် မန်ယူကစားသမားဟောင်းဖြစ်သူ ရိုင်ယန်ဂစ်က အမျိုးသမီး(၂)ဦးအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ငြင်းဆန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ရိုင်ယန်ဂစ်သည် အတူနေချစ်သူနှင့် PR အမှုဆောင်ဖြစ်သူ ကိတ်ဂရေဗယ်နှင့် ကိတ်၏ညီမဖြစ်သူ အမ်မာတို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၁)ရက်က ခန္ဓာကိုယ်နာကျင်စေသည်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

myan789

အသက်(၄၇)နှစ်အရွယ်ရှိ ရိုင်ယန်ဂစ်အနေဖြင့် ၂၀၁၇ ဒီဇင်ဘာလမှ ၂၀၂၀ နိုဝင်ဘာလအထိ ၎င်းတို့အတူနေထိုင်ခဲ့သည့်ကာလအတွင်း နိုုင်ထက်စီးနင်းပြုမှုဖြင့်လည်း တရားစွဲဆိုခံရပြီး စွဲချက်(၃)ခုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မန်ချက်စတာရာဇဝတ်တရားရုံးတွင် (၁၃)မိနစ်ကြာ စစ်ဆေးကြားနာရာ အတူနေချစ်သူဟောင်းအား သီးသန့်ချုပ်နှောင်ထားမှု၊ သိမ်ငယ်စေမှု၊ အရှက်ရစေမှု၊ နှောင့်ယှက်တိုက်ခိုက်မှု၊ အရိုအသေတန်စေမှု၊ နှိပ်စက်ညှင်းပန်းမှု စသည့်အချက်များအပါအဝင် ရက်စက်ကြမ်းကြုတ်မှုစွပ်စွဲချက်များအတွက် ရိုင်ယန်ဂစ်က သူ့အနေဖြင့် အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။

ယင်းသို့ တရားစွဲဆိုခံရသော်လည်း လက်ရှိတွင် ရိုင်ယန်ဂစ်ကို အာမခံပေးထားကြောင်း သိရသည်။

ရိုင်ယန်ဂစ်၏အမှုကို လာမည့် မေလ(၂၆)ရက်တွင် ထပ်မံစစ်ဆေး ကြားနာမည်ဟု ယင်းသတင်းတွင် ရေးသားခဲ့သည်။

ရိုင်ယန်ဂစ်အနေဖြင့် လက်ရှိအမှုရင်ဆိုင်နေရခြင်းကြောင့် ဝေးလ်စ်အသင်းနှင့်အတူ လာမည့် ယူရို-၂၀၂၀ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်နိုဝင်ဘာလတွင် ယာယီနည်းပြအဖြစ် တာဝန်ပေးထားသည့် ရောဘတ်ပေ့ချ်နှင့်ပင် ယူရို-၂၀၂၀ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြီးခဲ့သည့်အပတ်က အတည်ပြုကြေညာခဲ့သည်။

ဝေးလ်စ်အသင်းအတွက် နိုင်ငံတကာပွဲ (၆၄)ပွဲအထိ ကစားပေးထားခဲ့သူ ရိုင်ယန်ဂစ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ဝေးလ်စ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် သူ၏နိုင်ငံအသင်းကို ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင်ပေးခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular