spot_img

အမ်ဘာပေအား ပေါင် ၄၆ သန်း ပေးဖို့ အမိန့်ချခြင်းခံလိုက်ရတဲ့ ပီအက်စ်ဂျီ

LFP ရဲ့ တရားရေးကော်မရှင်အဖွဲ့ဟာ ပြီးခဲ့တဲ့လက အမ်ဘာပေဘက်ကနေ ရပ်တည်ဖို့ ဆုံဖြတ်ခဲ့ပေမယ့် ပီအက်စ်ဂျီကတော့ ငွေကြေးမပေးရရေးအတွက် အယူခံဝင်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်စလုံးဟာ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကြားနာမှုပြုလုပ်ခဲ့ပြီး ဆုံးဖြတ်မှုက မပြောင်းလဲဘဲရှိခဲ့တာပါ။

“ကလပ်အနေနဲ့ ကစားသမားတောင်းဆိုထားတဲ့ ပမာဏအတိုင်းပေးရမှာဖြစ်ပါတယ်”

myan789

“ဒီဆုံးဖြတ်ချက်အတွက် နောက်ထပ် အယူခံဝင်မှုကို လက်ခံမှာမဟုတ်ပါဘူး။ သို့ပေမယ့် ပြင်သစ်ဘောလုံးအဖွဲ့သို့ မရောက်မရှိ ပြောဆိုခွင့်တော့ရှိနေပါသေးတယ်” လို့ LEP ကပြောပါတယ်။

ပီအက်စ်ဂျီနှင့် ဖြစ်ခဲ့တဲ့ ကိစ္စအပေါ် ကော်မရှင်အဖွဲ့ရဲ့ မီဒီယာနှင့်ပြောဆိုပေးဖို့‌တောင်းဆိုချက်ကို အမ်ဘာပေက ငြင်းဆိုခဲ့ပြီး ကလပ်အနေနဲ့ သူ့အပေါ် ၃ လစာ နှင့် သစ္စာရှိ ဆုကြေး ပေးအပ်ရန် ကျန်ရှိကြောင်းသာ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီမှာရှိတဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း ၂၅၆ ဂိုး သွင်းယူခဲ့ပြီးနောက် အမ်ဘာပေဟာ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ဖြင့်ပြောင်းခဲ့ပါတယ်။

သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးမှာ မဟုတ်ကြောင်း ဆုံဖြတ်ခဲ့ပြီးနောက် ၂၀၂၃-၂၄ ရာသီ အမ်ဘာပေ ဒဏ်ရာရရှိနေချိန်မှာ ကစားသမားနှင့် နှုတ်အားဖြင့်သဘောတူညီခဲ့ကြောင်း ပီအက်စ်ဂျီက ငြင်းချက်ထုတ်ခဲ့ပါတယ်။ အသင်းသို့ပြန်လာပါက ဆုကြေးငွေပေးဖို့အတွက် ကစားသမားနှင့် ကလပ်က သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။

အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ရဲ့ ဆက်ဆံရေးဟာ တင်းမာမှုများနှင့် အဆုံးသတ်ခဲ့ပြီး ပီအက်စ်ဂျီရဲ့အိမ်ကွင်းရှိနောက်ဆုံးပွဲစဉ်မှာ ပရိသတ်အချို့က ကစားသမားကို လှောင်ပြောင်ခဲ့ကြပါတယ်။

ဘာစီလိုနာနှင့်ကစားမယ့် အယ်လ်ကလ်စီကိုပွဲမတိုင်မီ ပြင်သစ်စူပါစတားဟာ ၁၃ ပွဲကစား ၈ ဂိုးသွင်းပေးထားတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် စာချုပ်သစ်ချုပ်ဆိုချိန်မှာ ကလပ်ရဲ့သမိုင်းကြောင်းမှာ ဆွဲဆောင်မှုအရှိဆုံး စာချုပ်ဖြင့် ပီအက်စ်ဂျီက အမ်ဘာပေကို ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။

The LFP's legal commission decided last month to stand by Mbappe, but PSG appealed against the payment.

သို့ပေမယ့် သူခေါ်ယူစေချင်တဲ့ အဓိက ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့တဲ့အပေါ် အမ်ဘာပေက စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုတုန်းက ၂၀၂၅ လို့ရေးသားထားတဲ့ ဂျာစီနှင့်အတူ ပရိသတ်များရဲ့ရှေ့မှာ လမ်းလျှောက်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေကတော့ သူ့ရဲ့စာချုပ်က ၂၀၂၄ အထိနှင့် နောက်ထပ်တစ်ရာသီကို ကစားသမားဘက်မှ တိုးခွင့်ရှိကြောင်း ကြေညာခဲ့ပါတယ်။

နောက်ထပ် သက်တမ်းတိုးမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အမ်ဘာပေက ကလပ်ကို အကြောင်းကြားခဲ့ပါတယ်။ သူ့ရဲ့စာချုပ်က နောက်ဆုံးနှစ်သို့ရောက်နေပြီး အလွတ်ဖြင့် မဆုံးရှုံးရဖို့အတွက် ပီအက်စ်ဂျီဟာ အမ်ဘာပေကို ရောင်းချရတော့မှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်နွေရာသီမှာ သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘဝက ကုန်ဆုံးလုနီးပါးဖြစ်ခဲ့ပါတယ်။ စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ကလပ်ထံအကြောင်းကြားပြီးနောက် ဂျပန် နှင့် တောင်ကိုရီးယား တို့ထံသွားရောက်မယ့် အသင်းရဲ့ရာသီကြိုခရီစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိခဲ့သလို အရန်ကစားသမားတွေနဲ့သာ လေ့ကျင့်ခန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ အလွတ်ဖြင့်ထွက်ခွာခြင်းထက် သူ့ကိုရောင်းချမယ်လို့ ပီအက်စ်ဂျီက ပြောခဲ့သော်လည်း အယ်လ်ဟီလယ်ရဲ့ ယူရိုသန်း ၃၀၀ ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

အဲ့ဒီရာသီအဖွင့်ပွဲစဉ်တွေမှာ ပီအက်စ်ဂျီဟာ အမ်ဘာပေကို ချန်လှပ်ထားခဲ့သော်လည်း မကြာခင်မှာတော့ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular