spot_img

အမ်ဘာပေအကြောင်း မေးမြန်းမှုတွေကို ဘောက်ဆတ်ဆတ်တုံ့ပြန်ဖြေကြားလိုက်တဲ့ လူးဝစ်အင်းနရစ်

အသင်းမှထွက်ခွာသွားပြီဖြစ်တဲ့ တိုက်စစ်မှူးအမ်ဘာပေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ဆက်ရှိနေမှုအပေါ် ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ် စိတ်အနှောင့်အယှက်ဖြစ်နေပါတယ်။

အမ်ဘာပေကို လက်လွှတ်ခဲ့ရပြီးနောက် အသွင်သစ်ပုံစံသစ်ဖြင့် ပီအက်စ်ဂျီတို့ စတင်လာနေရချိန်မှာပဲ စပိန်အခြေစိုက်သတင်းသမားတစ်ဦးထံမှ ပြင်သစ်ကလပ်အသင်းနည်းပြဆီ တိုက်စစ်ကြယ်ပွင့်ဟောင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုမေးမြန်းလာမှုကို လူးဝစ်အင်းနရစ်က ရယ်သွေးရွှမ်းကာ တုံ့ပြန်လာခဲ့ပါတယ်။

myan789

အင်းနရစ်က “ အိုး…ဘုရားရေ၊ ဒီစပိန်လူမျိုးသတင်းထောက်တွေ တော်တော်လေးပျင်းစရာကောင်းတာပါလား။ ဘုရား..ဘုရား ဒီနေရာမှာပဲ ခင်ဗျားရှိနေဆဲပါလား။ တော်တော်လေးပါပဲဗျာ။ ဒီမတိုင်ခင် ခင်ဗျား ဘယ်တွေ သွားနေတာလဲ? ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဘာတစ်ခုကိုမှ ကွယ်ဝှက်ထိန်ချန်ထားစရာ မရှိပါဘူး။ ကျွန်တော်လည်း အမ်ဘာပေရဲ့ စွမ်းဆောင်ရည်ပိုင်းကို သိပ်ကြိုက်ပါတယ်။ သူက ထူးခြားတဲ့ ဘောလုံးသမားတစ်ဦးပါ။ အလားတူ အီသန်အမ်ဘာပေ(အမ်ဘာပေရဲ့ညီ၊ ပီအက်စ်ဂျီ ကစားသမားဟောင်း)ရဲ့ခြေစွမ်းကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော်ကတော့ အမ်ဘာပေ အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ရင်ဆိုင်ရချိန် ရီးရဲလ်မက်ဒရစ် ရှုံးနိမ့်ဖို့လည်း ဆန္ဒရှိပါတယ်”လို့ ပြောပါတယ်။

Luis Enrique like Mbappe performance

စပိန်လူမျိုးနည်းပြဖြစ်သူရဲ့အခုလိုပြောကြားမှုက လီဟာဗေးနဲ့ရင်ဆိုင်ရမယ့် လီဂူးဝမ်းရာသီအဖွင့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထွက်ပေါ်လာခဲ့တာပါ။ ဘာစီလိုနာနဲ့ စပိန်အသင်းနည်းပြဟောင်းအနေဖြင့် ပြီးခဲ့တဲ့ဘောလုံးရာသီတလျှောက်လုံးမှာလည်း အနာဂတ်မရေမရာဖြစ်နေခဲ့တဲ့ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူးနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပါတယ်။

အခုအချိန်မှာတော့ အမ်ဘာပေလည်း ထွက်ခွာသွားပြီဖြစ်လို့ ဒီလိုမေးမြန်းမှုတွေ ရပ်တန့်သွားလိမ့်မယ်လို့ အင်းနရစ်ယူဆခဲ့ပေမယ့် တိုက်စစ်မှူးဟောင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ဆက်ရှိနေမယ့်ပုံစံမျိုးပါပဲ။ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ အဖွင့်ပွဲစဉ်မှာတင် အဖွင့်ဂိုး ရယူနိုင်ခဲ့တဲ့ အမ်ဘာပေက သူ့ရဲ့ပုံစံကောင်းကို လာမယ့်တနင်္ဂနွေနေ့၊ မာယော့ကာနဲ့ရင်ဆိုင်ရချိန်မှာလည်း ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။

ဒီပွဲစဉ်မတိုင်ခင်မှာတော့ သူမပါဝင်တော့တဲ့ ပီအက်စ်ဂျီက လီဟာဗေးနဲ့ လီဂူးဝမ်းရာသီအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular