spot_img

အမ်ဘာပေရဲ့တိုင်ကြားမှုကြောင့် ချန်ပီယံလိဂ်ကနေ အထုတ်ခံရနိုင်တဲ့ ပီအက်စ်ဂျီ

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်စတား ဘာပေတစ်ယောက် ပီအက်စ်ဂျီအသင်းဆီကနေရစရာရှိတဲ့ငွေကြေးတွေအတွက် ယူအီးအက်ဖ်အေထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

တကယ်လို့ အပြစ်ထင်ရှားခဲ့ရင် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ကနေ အထုတ်ခံရနိုင်တယ်လို့ ပြင်သစ်သတင်းဌာန Le Monde က ဖော်ပြခဲ့ပါတယ်။

myan789

ဘာပေဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ပီအက်စ်ဂျီထံကနေ ရီးရဲလ်အသင်းထံပြောင်းလာခဲ့တာဖြစ်ပါတယ်။

စပိန်မြေကိုပြောင်းလာခဲ့ပေမယ့်လည်း ဘာပေဟာ ပီအက်စ်ဂျီအသင်းထံကနေ ယူရို ၅၅ သန်းလောက်အထိ ရစရာရှိနေတယ်လို့ သိရပါတယ်။

အဆိုပါအခြေအနေတွေအတွက် ဘာပေက ပီအက်စ်ဂျီအသင်းကို ယူအီးအက်ဖ်အေထံံ တိုင်ကြားထားတာဖြစ်ပါတယ်။

Kylian Mbappé is said to be owed up to 55 million euros from Paris Saint-Germain.

ပီအက်စ်ဂျီဘက်က အဆိုပါတိုင်ကြားမှုအတွက် ဒေါသထွက်နေတယ်လို့ သိရပြီး ဘာပေကို အလွတ်နဲ့ဆုံးရှုံးထားခဲ့တာကြောင့် ယခင်ကတည်းက ဒေါသထွက်နေပြီးဖြစ်ပါတယ်။

အသက် ၂၅ နှစ်သားဟာ ပီအက်စ်ဂျီအသင်းမှာ နှစ်အတော်ကြာကစားခဲ့ပေမယ့် အခုချိန်မှာတော့ စိန်ခေါ်မှုအသစ်တွေအတွက် ရီးရဲလ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular