spot_img

အမ်ဘာပေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနိုင်တယ်လို့ ရှင်းပြရင်း အသင်းဖော်ကို ကာကွယ်ပေးလိုက်တဲ့ ကိုနာတေး

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးအမ်ဘာပေဟာ ဝေဖန်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခု ရှိနေနိုင်တယ်လို့ ပြင်သစ်စတားရဲ့လက်ရွေးစင်အသင်းဖော်ကိုနာတေးက ပြောဆိုလိုက်ပါတယ်။

အမ်ဘာပေက သူကိုယ်တိုင်ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ဆီ အခုနွေရာသီမှာ ပြောင်းရွှေ့လာခဲ့ပြီးနောက် စပိန်မြေမှာ ၁၁ ပွဲကစား၊ ခုနစ်ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ အမ်ဘာပေကို အခုလအတွင်း ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တွေအတွက် ပြင်သစ်လက်ရွေးစင်လူစာရင်းမှ ချန်လှပ်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံအတွင်း ရီးရဲလ်မက်ဒရစ်စတားအပေါ် ဝေဖန်သံတွေ ဆူညံလာခဲ့ပါတယ်။

myan789

တဖက်မှာလည်း ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဒက်စ်ချမ့်စ်က အမ်ဘာပေရဲ့ဒဏ်ရာပြဿနာကြောင့် အခုလိုချန်လှပ်ရခြင်းဖြစ်တယ်လို့ ရှင်းပြခဲ့ပေမယ့် အစ္စရေး၊ ဘယ်လ်ဂျီယံတို့နဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေမတိုင်ခင်အထိ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကို ဝေဖန်မှုတွေ ဆက်ရှိနေခဲ့ပါတယ်။ လတ်တလောမှာ အမ်ဘာပေရဲ့လက်ရွေးစင်အသင်းဖော်တစ်ဦးဖြစ်တဲ့ ကိုနာတေးက အသက်-၂၅ နှစ်အရွယ် တိုက်စစ်ကြယ်ပွင့်ကို ကာကွယ်ပေးလာခဲ့ပါတယ်။

ကိုနာတေးက “တခါတလေ ကျွန်တော် သူ့နေရာမှာ ဝင်ခံစားကြည့်ပါတယ်။ ကိုယ့်အပေါ် ချီးကျူးမှုတွေပြည့်နှက်နေခဲ့ချိန်မှာ ဘယ်လိုစိတ်ခံစားချက်မျိုးရှိရမလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါကို သူကျော်လွှားနိုင်ခဲ့သလို ဆက်ပြီးတော့လည်း ကျော်လွှားနိုင်ဦးမှာပါ။ အခုတော့ သူ့ဆီမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခု ရှိကောင်းရှိနိုင်ပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် အဲ့ဒီအကြောင်းကို ကျွန်တော် အမ်ဘာပေနဲ့ ဆွေးနွေးသွားမှာပါ။ အခုလိုဝေဖန်သံတွေ ဆူညံနေချိန်မှာတော့ သူ့ဆီမှာ ခံစားချက်ကောင်းတွေ မရှိနိုင်ပါဘူး။ ပြီးတော့ သူ့အတွက်လည်း ခက်ခဲလွန်းပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ လိုင်လီနဲ့ရင်ဆိုင်ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အမ်ဘာပေ လူစားဝင်ကစားချိန် ပြင်သစ်ကလပ်အသင်းပရိသတ်တွေရဲ့ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

Konate defended his teammate by explaining that Mbappe might have a mental problem

အခုလို ပြင်သစ်ပရိသတ်တွေရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုအပေါ် အံ့အားသင့်နေခဲ့တဲ့ ကိုနာတေးက “လိုင်လီနဲ့ပွဲစဉ်မှာ အမ်ဘာပေကို ဘာကြောင့်အခုလိုဆန့်ကျင်ခဲ့ကြသလဲဆိုတာ ကျွန်တော်ဖြင့် နားတောင်မလည်နိုင်တော့ပါဘူး။ ကျွန်တော်လည်း ပြီးခဲ့တဲ့ရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လီဗာပူးနဲ့အတူ တူးလော့စ်ကို ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ အိမ်ရှင်ပရိသတ်တွေကိုယ်တိုင် ကျွန်တော့်ကို ထူးထူးခြားခြား ကြိုဆိုပေးခဲ့ကြပါတယ်။ လီဗာပူးကစားသမားတွေဆိုရင် ကျွန်တော့်ကို တူးလော့စ်မှာ ကစားခဲ့ဖူးတယ်လို့တောင် ထင်ခဲ့ကြပါတယ်။ အမ်ဘာပေလည်း ဝေဖန်မှုတွေကို ကျော်လွှားနိုင်ခဲ့တယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အမိမြေမှာ အခုလိုမျိုးအတွေ့အကြုံကို ခံစားရတာ မလွယ်ကူလှပါဘူး။ တကယ်ပဲဆိုးရွားလှပါတယ်”လို့ ပြောပါတယ်။

အမ်ဘာပေအနေဖြင့် အခုနိုင်ငံတကာသီတင်းပတ်အပြီး ဆယ်လ်တာဗီဂိုနဲ့ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်အမီ ပုံစံကောင်းပြန်ရနေဖို့ မျှော်လင့်နေပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular