spot_img

အမ်ဘာပေကို ပြင်သစ်လက်ရွေးစင်အသင်းကနေ ချန်လှပ်ခဲ့တဲ့အကြောင်းကို ရှင်းပြလာခဲ့တဲ့ ဒီဒီးယာဒက်စ်ချမ့်စ်

ရီးရဲမက်ဒရစ်စူပါစတား ကီလီယမ်အမ်ဘာပေကို လာမယ့်နေရှင်းလိဂ်ပြိုင်ပွဲတွေအတွက် ပြင်သစ် လက်‌ရွေးစင်အသင်းမှာ မရွေးချယ်ဘဲ ချန်လှပ်ခဲ့ရတဲ့အကြောင်းအရင်းကို နည်းပြဒီဒီးယာဒက်စ်ချမ့်စ်က ရှင်းလင်းပြောကြားလာခဲ့ပါတယ်။

ပြင်သစ်အသင်းတွင် အမ်ဘာပေ မပါဝင်တော့ခြင်းဟာ လူအများအတွက် အံ့အားသင့်ဖွယ်ရာ ဖြစ်နေပါတယ်။ အမ်ဘာပေးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ရီးရဲလ်အသင်းက လိုင်လီအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ပါတယ်။ သို့သော်လည်း အမ်ဘာပေဟာ မကြာသေးမီကမှ ပေါင်ဒဏ်ရာမှ သက်သာပြီး ပြန်လည်ပါဝင်နိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်အပါအဝင် အသင်းရဲ့ အရေးကြီးပွဲစဉ်တွေကိုလည်း လွဲချော်ထားခဲ့ရပါသေးတယ်။

myan789

လာလီဂါဟာ နိုင်ငံတကာပွဲစဉ်တွေအတွက် ဒီစနေ၊တနင်္ဂနွေကစားပွဲတွေပြီးရင် ပိတ်ရက်နှစ်ပတ် သတ်မှတ်ထားတာကြောင့် အမ်ဘာပေတစ်ယောက်ကတော့ မက်ဒရစ်မှာသာ ရှိနေမှာဖြစ်ပြီး သူ့ရဲ့ပြန်လည်ကြံ့ခိုင်ရေး အစီအစဉ်တွေကို အသင်းရဲ့ ဗယ်လ်ဒီဘဲဘက်စ် လေ့ကျင့်‌ရေး အဆောက်အဦးမှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အခုလို ကာလရှည်အနားယူရမှုကြောင့် အမ်ဘာပေအတွက်တော့ နိုင်ငံအသင်းတာဝန်တွေရဲ့ ဖိအားမှ လွတ်လွတ်ကင်းကင်းနဲ့ ပြန်လည် အနားယူ၊ အားဖြည့်လို့ ရနိုင်တာဖြစ်လို့ သူ့ရဲ့အကောင်းဆုံး ပုံစံကို ပြန်လည်ရရှိလာနိုင်ဖို့ အထောက်အကူ ရနိုင်စေပါတယ်။

“ကျွန်တော် ခီလီယမ်နဲ့ ဒီအခြေအနေတွေအတွက် စကားပြောပြီးသွားပါပြီ။ ဗုဒ္ဓဟူးနေ့တော့ သူအရန်လူစာရင်းကနေ ပါဝင်လာမလားဆိုတာကတော့ မသေချာသေးပါဘူး။ ဒီစနေနေ့မှာလည်း သူပွဲကစားရဖို့ ရှိနေသေးတော့ မေးခွန်းထုတ်စရာတွေ အများကြီးပါပဲ။ သူ့မှာ သိပ်မပြင်းထန်တဲ့ ပြဿနာတစ်ခု တစ်ခုရှိနေပါတယ်။ ဒါပေမဲ့ အဲ့ဒါက ပြန်လည်ကောင်းမွန်လာဖို့အတွက် ကုသဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အရဲစွန့်ပြီး သုံးသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့လည်း ကီလီယမ်က ဒီမှာရှိမနေတာပါ။” လို့ အမ်ဘာပေးကို ချန်ရစ်ခဲ့ရတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ရှင်းပြလာခဲ့ပါတယ်။

ဆက်လက်ပြီး ဒက်စ်ချမ့်စ်က စက်တင်ဘာလက ကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်း အမ်ဘာပေဟာ စိတ်ပိုင်းဆိုင်ရာရော၊ ခန္တာကိုယ်ကြံ့ခိုင်မှုမှာရော အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

Didier Deschamps explains why Mbappe was left out of the French national team

“ခီလီယမ်ရဲ့ အသင်းအပေါ် စိတ်နှစ်ထားမှုအပေါ်မှာ ကျွန်တော့်အနေနဲ့ လုံးဝသံသယမရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံးတစ်ကြိမ် ကျွန်တော်တို့ ဆုံစည်းခဲ့တုန်းက သူက အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့ပါဘူး။” လို့ ပြင်သစ်နည်းပြက ပြောကြားသွားခဲ့ပါတယ်။

ဒက်စ်ချမ့်စ်ကတော့ ပြင်သစ်အသင်းမှာ လူငယ်ခြေတက် ပါရမီရှင်လေးတွေ ဖြစ်တဲ့ ခရစ္စတိုဖာအန်ကူးန်ကူး၊ မိုက်ကယ်အိုလိစ် နှင့် ဘရက်ဒလေဘာကိုလာတို့ကို လာမဲ့ကစားပွဲ နှစ်ပွဲအတွက် ခေါ်ယူထားပါတယ်။ ပြင်သစ်အသင်းဟာ အစ္စရေးအသင်းနဲ့ ဘူဒါပတ်စ်မြို့မှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲပြီးရင်တော့ အောက်တိုဘာ ၁၄ရက်နေ့မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ရဖို့အတွကိ ဘရပ်ဆဲလ်မြို့ကို သွား‌ရောက်ရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လာမဲ့စနေနေ့ညတွင် ဆန်တီယာဂိုဘာနေဗျူးကွင်းကြီးမှာ ဗီလာရီးရဲလ်အသင်းကို ရင်ဆိုင်ဖို့အတွက် ရီးရဲလ်နည်းပြ အန်ဆယ်‌လော့တီက အမ်ဘာပေကို အသုံးပြုသွားမလား ဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular