spot_img

အပြောင်းအရွှေ့စျေးကွက်တွင် ရုန်းကန်နေရသည့် မန်ယူအသင်း ပြိုင်ဘက်များနောက် ကျန်ခဲ့မည်ကို ဂယ်ရီနဗီးလ် စိတ်ပူ

မန်ယူဂန္ထဝင်နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က မန်စီးတီးနှင့် လီဗာပူးလ်တို့ နာမည်ကျော်လူငယ်ကစားသမားများကို ခေါ်ယူပြီး အသင်းကို အင်အားဖြည့်တင်းနေချိန်တွင် အပြောင်းအရွှေ့စျေးကွက်၌ ကစားသမား သစ်ခေါ်ယူရန် မန်ယူအသင်းအနေဖြင့် ပြိုင်

ဘက်များနောက် ကျန်ခဲ့မည်ကို စိုးရိမ်ပူပန်မိကြောင်း Twitter တွင် ရေးသားခဲ့သည်။

myan789

မန်စီးတီးအသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့စျေးကွက်တွင် ဒေါ့မွန်အသင်း မှ နော်ဝေတိုက်စစ်မှူး ဟော်လန်း(၂၁ နှစ်)ကို ပေါင် ၅၁ သန်းဖြင့် ခေါ်ယူထားသလို လီဗာပူးလ်အသင်းကလည်း ဘင်ဖီကာအသင်းမှ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ် (၂၂ နှ

စ်)ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်း (Add-ons ကြေးများကို ထည့်ပေါင်းပါက ပေါင် ၈၅ သန်းအထိ ရှိလာနိုင်) ဖြင့် ခေါ်ယူထားသည်။

ထို့ပြင် စပါးအသင်းမှာလည်း ပါရီဆစ်နှင့် ဖရေဆာဖော်စတာတို့ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားသည်။ သို့သော် မန်ယူအသင်းမှာမူ ဖရန်ကီဒီယွန်း၊ အဲရစ်ဆင်အပါအဝင် ကစားသမား သစ်များကို ချိတ်ဆက်နေသော်လည်း လက်ရှိအချိိန်ထိ အဆ

င်ပြေခြင်းမရှိသေးပေ။

ထို့ကြောင့် ဂယ်ရီနဗီးလ်က “အပြောင်း အရွှေ့စျေးကွက်ဖွင့်တာ မကြာသေးဘူးဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မန်ယူအနေနဲ့ ကစားသမားသစ်တွေခေါ်ယူဖို့ ရုန်းကန်နေရတာမြင်ရလို့ စိတ်ပူမိပါတယ်။ တခြားအသင်းတွေက ကစားသမားေ

တွခေါ် ယူနေချိန်မှာ မန်ယူကတော့ မခေါ်နိုင်သေးပါ ဘူး။ တန်ဟက်ဂ်အနေနဲ့ ကစားသမားသစ်တွေကို စောစောစီးစီးခေါ်ယူနိုင်မှ ပိုအဆင်ပြေပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular