spot_img

အပြာရောင်လွှမ်းမယ့် မန်ချက်စတာည ၊ လမ်းပတ်ဆီက အမှတ်ခွဲယူမယ့် အန်ဆယ်လော့တီ တို့နဲ့ . . . EPL Week 12 အတွက် Sky Sports ရဲ့ ခန့်မှန်းချက်များ

ဒီဇင်ဘာ ထဲကို ရောက်လာတာ နဲ့ ပရီးမီးယားလိဂ် ကလည်း ပိုမို အကြိတ် အနယ် ရှိလာခဲ့ ပါပြီ ။ ဒီတစ်ပတ် မှာတော့ ချန်ပီယံလိဂ် ကနေ ထွက်လာ ခဲ့ရလို့ ဖိအား ဝင်နေတဲ့ အိုလီဂန်နာ ဆိုးရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ မြို့ခံ ပြိုင်ဘက် မန်ချက် စတာ စီးတီး နဲ့ ဒါဘီ ပွဲ ကို ယှဉ်ပြိုင် ကစား ရမှာပါ ။ အမှတ်ပေး ဇယား ထိပ်နဲ့ သိပ်မကွာ တဲ့ ချဲလ်ဆီး ကလည်း ကစားရ ခက်တဲ့ အဲဗာတန် ကို အဝေးကွင်း ပွဲစဉ် အဖြစ် သွားရောက် ယှဉ်ပြိုင် ရပါမယ် ။

ဒါကြောင့် ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် Sky Sports သတင်း ဌာန ရဲ့ ကလောင်ရှင် လူးဝစ် ဂျုံးစ် ရဲ့ ခန့်မှန်းချက်တွေ ကို လေ့လာ ဖော်ပြ ပေးလိုက်ရ ပါတယ် . . . . .

myan789

၁ ။ မန်ချက်စတာ ယူနိုက်တက် – မန်ချက်စတာ စီးတီး
အင်္ဂါနေ့ ည မတိုင်ခင် တုန်းကတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီပွဲ ကို စိတ်ဓါတ် တက်ကြွမှု အပြည့်နဲ့ ကစားပြီး အနိုင် ရမယ်လို့ ကျွန်တော် တွေးခဲ့ တာပါ ။ ဒါပေမယ့် အခုတော့ ပြောင်းပြန် ပါပဲ ။ ချန်ပီယံလိဂ် ကနေ ထွက်ရတာဟာ သူတို့ အတွက် ကြီးမားတဲ့ ဖိအားကို ဖြစ်စေ မှာ သေချာပါတယ် ။ မန်စီးတီး ဘက်မှာတော့ ဘာဖိအားမှ ရှိမနေပါဘူး ။

ယူနိုက်တက် ရဲ့ အဓိက အားနည်းချက် ကတော့ တည်ငြိမ်မှု မရှိတာ ပါပဲ ။ ဒီပွဲ မှာလည်း ကောင်းချင်ရင် လွှတ်ကောင်းပြီး ညံ့ချင်ရင်တော့ ဘယ်သူပဲ ကစားကစား ညံ့နေ ဦးမှာပါ ။ ဂွာဒီယိုလာ ကတော့ ဒီလို အချိန်မှာ မန်ချက်စတာ ယူနိုက်တက် ဆီက ၃ မှတ် အရယူဖို့ သေချာ ပြင်ဆင် လာမှာပါပဲ ။ ခံစစ် အမှားသာ မလုပ်ခဲ့ရင် စီးတီးတို့ အောင်ပွဲဆင် နိုင်မှာပါ ။
ခန့်မှန်းချက် – မန်ယူနိုက်တက် ၀ – ၁ မန်စီးတီး

၂ ။ အဲဗာတန် – ချဲလ်ဆီး
ဒီပွဲက မန်ချက်စတာ ဒါဘီထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ အန်ဆယ်လော့တီ က ဗျုဟာ ရှင်ပါ ၊ လမ်းပတ် က အကြောက်တရား မရှိသူပါ ။ သူတို့ရဲ့ ဆုံတွေ့မှု က ဘယ်လို ရလဒ် ထွက်လာ မလဲ ၊ ကွင်းထဲမှာ ဘယ်သူတွေ ဘယ်လို ကစား ကြမလဲ ဆိုတာ တွေးကြည့်ရ ခက်ပါတယ် ။ ဒါကြောင့် ဒီပွဲကို ပို စိတ်ဝင်စား မိတာပါ ။

တိုက်စစ်ချင်း ယှဉ်ရင်တော့ အဲဗာတန် က နည်းနည်း ပိုသာပါတယ် ၊ ခံစစ် ဆိုရင်တော့ ချဲလ်ဆီး က အသာရ နေမှာပါ ။ ကွင်းလယ် ကတော့ သရေ ပါပဲ ။ လမ်းပတ် က တန်ပြန် တိုက်စစ် ကစားဖို့ စိတ်ကူး မရှိဘဲ သူတိုက် ကိုယ်တိုက် ကစားမှာပါ ။ ဒါကြောင့် အပြန်အလှန် သွင်းဂိုးတွေ မြင်ရနိုင်ချေ ရှိပါတယ် ။ တကယ်လို့ အဲဗာတန် သာ ဂိုးစောစော ရသွားမယ် ဆိုရင်ပေါ့ ။
ခန့်မှန်းချက် – အဲဗာတန် ၂ – ၂ ချဲလ်ဆီး

၃ ။ ပဲလေ့စ် – တော့တင်ဟမ် ဟော့စပါး
မော်ရင်ဟို အတွက်တော့ လန်ဒန် ဒါဘီ ကို ၃ ပတ် ဆက် ကစားခဲ့ရ တာပါပဲ ။ အဲ့ဒါရဲ့ ကောင်းကျိုး ကတော့ ခရီး မသွားရတာပါ ။ အမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင် ထားနိုင်ဖို့ ဒီလို ပွဲမျိုးကို စပါးတို့ အနိုင် ကစားဖို့ လိုပါတယ် ။ ဒါပေမယ့် ပြောသလောက်တော့ လွယ်မှာ မဟုတ်ပါဘူး ။

ပဲလေ့စ် က စပါး ကို ပိတ်ဆို့ ကစားပြီး တန်ပြန် တိုက်စစ် နဲ့ ထိုးနှက် မှာပါ ။ စပါး က ဘောလုံးကိုင် ကစားရင် အဆင်မပြေ ပါဘူး ။ မော်ရင်ဟို ကလည်း ခံစစ်ပိတ် – တန်ပြန် ဗျုဟာကို ပိုင်နိုင်သူပါ ၊ ဘောလုံးကိုင် မကစားတတ် ပါဘူး ။ ဒါကြောင့် ဒီပွဲက အီလယ်လယ် ဖြစ်နေနိုင်ပြီး စပါးတို့ နိုင်ခဲ့ရင်တောင် ဂိုးပြတ်ဖို့ မရှိ နိုင်ပါဘူး ။
ခန့်မှန်းချက် – ပဲလေ့စ် ၀ – ၁ စပါး

၄ ။ ဖူလ်ဟမ် – လီဗာပူး
ဖူလ်ဟမ် တို့ လီဗာပူး ဆီက အမှတ်ခွဲယူဖို့ ဆိုတာ ဘယ်လို ပုံစံ မျိုးနဲ့ မှ စိတ်ကူး မကြည့်နိုင်ခဲ့ ပါဘူး ။ အခု အချိန် မှာ လီဗာပူး တို့ အစစ အရာရာ ပြည့်စုံ နေပါပြီ ၊ တစ်ခုပဲ လိုပါတော့တယ် ၊ အဲ့ဒါ ကတော့ ပရိသတ်တွေ ပါပဲ ။ စကော့ပါကား ရဲ့ ဖူလ်ဟမ် မှာ တိုးတက်မှုတွေ ရှိပါတယ် ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့ သလိုပါပဲ ၊ လီဗာပူး ဆီက အမှတ် ခွဲယူဖို့ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး ။
ခန့်မှန်းချက် – ဖူလ်ဟမ် ၀ – ၂ လီဗာပူး

၅ ။ အာဆင်နယ် – ဘန်လေ
မန်ချက် စတာ ယူနိုက်တက် က အင်္ဂါနေ့ ပွဲပြီး မှ ကပ်ဆိုက် ခဲ့တာပါ ၊ အာဆင်နယ် တို့ ကပ်ဆိုက် ခဲ့တာ ကြာပါပြီ ။ အမှတ်ပေး ဇယားရဲ့ အဆင့် ၁၅ မှာ ရှိနေပြီး ဒီပွဲ သာ ထပ်ရှုံးရင် တန်းဆင်းဇုန်ထဲ ထိ ရောက်သွား နိုင်ပါတယ် ။ ဒါဆိုရင်တော့ မီကေး အာတီတာ တစ်ယောက် အထုပ်ဆွဲရဖို့ သေချာ သွားမှာပါ ။

ယူရိုပါလိဂ် နိုင်ပွဲတွေ ဘာတွေ က အာဆင်နယ် ကို စိတ်ဓါတ် တက်အောင် မစွမ်းဆောင် နိုင်ပါဘူး ၊ အခုအချိန် မှာ ဘာက သူတို့ကို ဆွဲတင် နိုင်မလဲ ဆိုတာ အာတီတာ တောင် မသိဖြစ်နေ ခဲ့တာပါ ။ ဘန်လေ ကတော့ သူတို့ ရဲ့ ကစားဟန် အတိုင်း ကာယ အသားပြု ဗိုလ်ကျပြီး ကစားမှာပါ ။ အာဆင်နယ် တိုက်စစ် ၊ ကွင်းလယ် နဲ့ ခံစစ် တွေက ဒါကို တောင့်ခံ နိုင်ပါ့မလား ။
ခန့်မှန်းချက် – အာဆင်နယ် ၀ – ၀ ဘန်လေ

အခြားပွဲစဉ် ခန့်မှန်းမှု ရလဒ်များ –

၆ ။ လိဒ်ယူနိုက်တက် ၀ – ၁ ဝက်စ်ဟမ်း

၇ ။ ဝုဗ် ၁ – ၁ အက်စတွန် ဗီလာ

၈ ။ နယူးကာဆယ် ၂ – ၁ ဝက်စ်ဘရွန်း

၉ ။ ဆောက်သမ်တန် ၀ – ၁ ရှက်ဖီး ယူနိုက်တက်

၁၀ ။ လက်စတာ ၂ – ၁ ဘရိုက်တန်

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular