အိုးထရက်ဖို့ဒ်ပွဲက ဘရာဇီးသား အန်တိုနီ၊ ကာစီမီရိုနှင့် ဖရက်ဒ်တို့အတွက် အဆင်မချောခဲ့သော်လည်း ယမန်နေ့ (ဇန်နဝါရီ ၂၉) က ရီးဒင်းကို ၃-၀ ဖြင့် အနိုင်ရသည့်ပွဲမှာ သူတို့သုံးယောက်၏ စွမ်းဆောင်ချက်များကို သဘောကျကြောင်း မန်ယူနည်းပြအဲရစ်တန်ဟက်ဂ်က အရွှန်းဖောက်ခဲ့ပါတယ်။
အဆိုပါရီးဒင်းနှင့်ပွဲတွင် ကာစီမီရို၏ အဖွင့်ဂိုးကို ဖန်တီးရာမှာ သူ့အနေဖြင့် ကူညီပေးခဲ့သည်ဟု အန်တိုနီက ဆိုသည်။ အန်တိုနီသည် ထိုညတွင် ပြေးလွှားခြင်းများဖြင့် ပြည့်နှက်နေခဲ့ပြီး သူ၏ စိတ်လှုပ်ရှားဖွယ်ရာ ရှေ့တန်းတိုးတက်မှုကို သက်သေပြခဲ့သည်ဟု တန်ဟက်ဂ်က ခံစားခဲ့ရသည်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာမှာ တန်ဟက်ဂ်က “ခင်ဗျား သူ့ကို စိန်ခေါ်ရင် သူက လိုက်လျောညီထွေဖြစ်အောင်၊ သူ့ကစားပုံကို ချိန်ညှိနိုင်တယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ စိန်ခေါ်ကို ခေါ်ရပါမယ်။ ဒီလိုဆိုပေမဲ့ခည်း သူ့ပတ်ဝန်းကျင်မှာ အသင်းဖော်တွေကိုလည်း သူလိုအပ်ပါတယ်။ တိုးတက်မှုကို ခင်ဗျားမြင်ရမှာပါ။ ဒါပေမယ့်လည်း တိုးတက်ဖို့ အများကြီးကျန်သေးတယ်လို့ ကျွန်တော်ထင်ပါတယ်။”ဟု ဆိုခဲ့သည်။


