spot_img

အန်ဆယ်လော့တီကို ရာထူးမှ ထုတ်ပယ်ရေး ရီးရဲမက်ဒရစ်တာဝန်ရှိသူများ ဆွေးနွေး

စပိန်ကိုပါဒယ်ရေးဖလားတွင် မဟာပြိုင်ဘက် ဘာစီလိုနာကို ဘာနေဗျူးတွင် ၀-၁ ဖြင့်ရှုံးနိမ့်ခဲ့ရခြင်းအား မကျေမနပ်ဖြစ်နေသော ရီးရဲမက်ဒရစ်အသင်းအကြီးအကဲများသည် နည်းပြချုပ် အန်ဆယ်လော့တီကို အလုပ်မှ ထုတ်ပယ်နိုင်ရေးအတွက် အသင်းအတွင်းဆွေးနွေးမှုများပြုလုပ်နေသည်။

ရီးရဲမက်ဒရစ်သည် လာလီဂါတွင်လည်း ဘာစီလိုနာနောက် ၇ မှတ်ပြန်ကျန်ခဲ့သောကြောင့် အမှတ်ပေးချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ရေး အလှမ်းဝေးနေသည်။ ယခုနောက်ပိုင်း ကစားသည့်ပွဲစဉ်များတွင် ရီးရဲမက်ဒရစ်သည် ဗီလာရီးရဲ ဆိုဆီဒက် မာယော့ကာ အေတီကို ပွဲများတွင် ရလဒ်များမကောင်းဖြစ်ကာ အမှတ်လျော့ခဲ့သည်။ အန်ဆယ်လော့တီသည် အသင်းနှင့် ၂၀၂၄ အထိစာချုပ်သက်တမ်းရှိသော်လည်း ဖိအားများဒဏ်ခံနေရသည်။

myan789

ပြီးခဲ့သည့်ဘောလုံးရာသီတွင် အန်ဆယ်လော့တီသည် ရီးရဲမက်ဒရစ်နှင့်အတူ လာလီဂါအမှတ်ချန်ပီယံဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို အရယူနိုင်ခဲ့သည်။ သို့ရာတွင် ရီးရဲမက်ဒရစ်အသင်း အကြီးအကဲများသည် လက်ရှိဘောလုံးရာသီတွင် အသင်း၏ ခြေစွမ်းကို များစွာ မကျေမနပ်ဖြစ်နေသည်။

အထူးသဖြင့် နောက်ဆုံးကစားသည့် ဘာစီလိုနာနှင့်ပွဲတွင် ရီးရဲမက်ဒရစ်သည် ဂိုးကန်သွင်းမှု တစ်ကြိမ်မျှ ပြုလုပ်နိုင်ခြင်းမရှိဘဲ အသင်းအတွက် မျှော်လင့်သလို ဖြစ်မလာချိန်တွင် အပြောင်းအလဲပြုလုပ်နိုင်သည့် အရန်အစီအစဉ်တစ်ခု မရှိခြင်းကို အသင်းအကြီးအကဲများက မကျေနပ်ဖြစ်နေခြင်းဖြစ်သည်။

အန်ဆယ်လော့တီက သက်ကြီးကွင်းလယ်လူများဖြစ်ကြသော ခရူးစ်နှင့် မိုဒရစ်တို့နှစ်ဦးစလုံးကို ပွဲထွက်ကစားသမားအဖြစ်တွဲဖက်အသုံးပြုနေခြင်းကိုလည်း ရီးရဲမက်ဒရစ်တာဝန်ရှိသူများက မကျေမနပ်ဖြစ်နေသည်။ ထိုကစားသမားနှစ်ဦးကို တွဲဖက်ပွဲမထွက်စေရေး အသင်းတာဝန်ရှိသူများက အန်ဆယ်လော့တီကို တားမြစ်သွားရန်ပင်စီစဉ်နေကြောင်း  သတင်းများက ဖော်ပြသည်။

ရီးရဲမက်ဒရစ်အသင်းတာဝန်ရှိသူများသည် အန်ဆယ်လော့တီ၏ နည်းစနစ်ပိုင်းမတိုးတက်ခြင်းကို အခြေခံ၍ အသင်းအတွင်းဆွေးနွေးနေပြီး ၎င်းကို ရာထူးမှ ထုတ်ပယ်ခြင်းလည်းဖြစ်သွားနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ရီးရဲမက်ဒရစ်သည် ဘက်တစ်နှင့် အန်စ်ပန်ညိုအသင်းတို့ကို ရင်ဆိုင်ရန်ရှိနေပြီး ထိုပွဲများပြီးလျှင်လီဗာပူးနှင့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကစားရန် ရှိနေသည်။ အသင်းတာဝန်ရှိသူများသည် ထိုပွဲများမှ ရလဒ်များကို စောင့်ကြည့်ပြီး အန်ဆယ်လော့တီ၏ အနာဂတ်ကို ဆုံးဖြတ်သွားဖွယ်ရှိနေသည်

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular