ဂျူဗင်တပ်စ်အသင်းမှ အီတလီဝါရင့်နောက်ခံလူ ချီလီနီသည် အနားမယူမီ တွင် မေဂျာလိဂ်သို့သွားရောက်ကစားရန် စဉ်းစားနေကြောင်း သိရသည်။
အသက် (၃၇)နှစ်အရွယ် ချီလီနီသည် လက်ရှိရာသီကုန်ဆုံးချိန်တွင် အနားယူမည်ဟု သတင်းများထွက်ပေါ်နေသလို၊ မေဂျာလိဂ်သို့ သွားရောက်ကစားဖွယ်ရှိသည်ဆို သောသတင်းများကိုလည်း ငြင်းဆန်ထားခြင်းမရှိကြောင်း သိရသည်။
ချီလီနီသည် လက်ရှိရာသီကုန်ဆုံးချိန်တွင် ဂျူဗင်တပ်စ်အသင်းနှင့်လမ်းခွဲရန်မှာ သေချာသလောက်ရှိကြောင်းလည်းသိရသည်။