မန်ယူအသင်း၏ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာက မိမိ၏ အနာဂတ်နှင့်ပတ်သက်ပြီး မည်သည့်ဆုံးဖြတ်ချက်မျှ ချမှတ်ရခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။
ပေါ့ဘာသည် လာမည့်နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးဖွယ်မရှိတော့ဘဲ PSG၊ ရီးယဲလ်နှင့် ဂျူဗင်တပ်စ်တစ်သင်းသင်းထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
သို့သော် ပေါ့ဘာက ”ကျွန်တော့်အနာဂတ်အတွက် ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါကြောင့် ဘာမှ အဖြေမထွက်သေးပါဘူး။ ကျွန်တော် မနက်ဖြန် ဆုံးဖြတ်နိုင်သလို၊ အပြောင်းအရွှေ့စျေးကွက်ရောက်မှလည်း ဆုံးဖြတ်နိုင်ပါတယ်။ လောလောဆယ် ဒီရာသီကိုပဲ ကောင်းကောင်းအဆုံးသတ်သွားချင်ပါတယ်”ဟု ပြောကြားခဲ့သည်။