spot_img

အနာဂတ်မရေမရာဖြစ်နေစဉ် PSG နှင့် ချန်ပီယံလိဂ်ဖလားရယူလိုကြောင်း ပြောထားဖူးသည့် အင်တာဗျူးကို ဖော်ပြမှုအတွက် ဘာပေ စိတ်ပျက်နေ

ယခုနွေရာသီတွင် အပြောင်း အရွှေ့သတင်းများ ထွက်ပေါ်နေပြီး အနာဂတ်မရေမရာဖြစ်နေသည့် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် PSG အသင်းနှင့် ချန်ပီယံလိဂ်ဖလား ရယူလိုကြောင်း ပြောကြားထားဖူးသည့် အင်တာဗျူးကို အချိန်ကိုက်ဖော်ပြမှုအတွက် စိတ် ပျက်နေကြောင်း သိရသည်။

အသက် (၂၂) နှစ်ရှိပြီဖြစ်သည့် ဘာပေသည် PSG အသင်းနှင့် စာချုပ် နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး ၂၀၂၂ ခုနှစ် နွေရာသီတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ PSG အသင်း က ၎င်းအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း ကစားသမား ကိုင်တိုင်က စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိဟု အသိပေးထားကြောင်း ပြင်သစ်နိုင်ငံထုတ် L’ Equipe သတင်း စာက ဇူလိုင်လဆန်းတွင် ဖော်ပြခဲ့ သည်။ သို့သော် ပြီးခဲ့သည့်ရက်ပိုင်း တွင် PSG အသင်းက ဘာပေနှင့် အသင်းဖော် နေမာတို့ အတူပြုလုပ် ထားသည့် အင်တာဗျူးအစီအစဉ် ကို ဖော်ပြခဲ့ပြီး ယင်းအင်တာဗျူးတွင် ဘာပေက PSG အသင်းနှင့် ချန်ပီ ယံလိဂ်ဖလားရရှိရေးမှာ အရေးကြီး ဆုံးနှင့် အကြီးမားဆုံးအိပ်မက်ဖြစ် ကြောင်း ပြောကြားထားသည်။ ယင်း အင်တာဗျူးမှာ PSG အသင်းအား ကာတာအားကစားရင်းနှီးမြှုပ်နှံမှုအဖွဲ့ (QSI) က ဝယ်ယူမှု (၁၀) နှစ် ပြည့်အထိမ်းအမှတ် စျေးကွက်မြှင့် တင်ရေးအတွက် လွန်ခဲ့သည့်နှစ်လ က ပြုလုပ်ထားခြင်းဖြစ်ပြီး ယခုအခြေ အနေတွင် အချိန်ကိုက်ဖော်ပြခဲ့ခြင်း အတွက် ဘာပေက စိတ်ပျက်နေခြင်း ဖြစ်ကြောင်း L’ Equipe သတင်းစာ က သောကြာနေ့တွင် ဖော်ပြခဲ့သည်။

myan789

”ကျွန်တော့်ရဲ့ အကြီးမားဆုံး အိပ်မက်က PSG အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူဖို့ပါပဲ။ အဲဒီ လိုဖြစ်ခဲ့ရင် စိတ်လှုပ်ရှားစရာကောင်း မှာပါ။ အရေးကြီးဆုံးက အသင်းကို အကူအညီပေးနိုင်ဖို့၊ ချန်ပီယံဆုရ အောင် ကူညီပေးနိုင်ဖို့ပါ။ PSG အသင်းက အရေးကြီးဆုံးပါပဲ။ ဘာ ပဲဖြစ်ဖြစ် PSG ဆိုတာ ချန်ပီယံပါပဲ” ဟု ဘာပေက အဆိုပါအင်တာဗျူး တွင် ပြောကြားထားသည်။

ယင်းအင်တာဗျူးကြောင့် ဘာ ပေအနေဖြင့် စာချုပ်သစ်မချုပ်ဖြစ် လျှင်ပင် အနည်းဆုံး စာချုပ်ကုန်ဆုံး ချိန်အထိ ဆက်ရှိနေမည့်သဘော ဖြစ်ကြောင်း မီဒီယာများက ဖော်ပြ လျက်ရှိရာ ဘာပေက ယခုအခြေ အနေကို စိတ်ပျက်နေခြင်းဖြစ်သည်။ PSG အသင်းကမူ ၎င်းအား ရောင်းချ လိုခြင်းမရှိသလို လာမည့်နှစ်တွင် ပြောင်းရွှေ့ကြေးမပါဘဲ လက်လွှတ် ရမည့်အခြေအနေ မကြုံတွေ့စေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ PSG အသင်းသည် ဘာပေအား ၂၀၁၇ ခုနှစ် နွေရာသီတွင် မိုနာကို အသင်းမှ ကနဦး တစ်နှစ်အငှား စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၈၀) အပြင် Add-ons ကြေးများဖြင့် အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အသင်းဖော် ဘရာဇီးလ် တိုက်စစ်မှူး နေမာ (ယူရို ၂၂၂ သန်း) ပြီးလျှင် ကမ္ဘာတစ်ဝန်း ဒုတိယစျေး အကြီးဆုံး ကစားသမားနှင့် ဆယ် ကျော်သက်ကစားသမားများအနက် စျေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင် ထားသူဖြစ်သည်။ ဘာပေသည် PSG အသင်းတွင် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၇၁) ပွဲကစား (၁၃၂) ဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် တတိယ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

PSG အသင်းနည်းပြ ပိုချက် တီနိုကမူ ဘာပေ၏အနာဂတ်အခြေ အနေနှင့်ပတ်သက်၍ ”သေချာတာ တစ်ခုကတော့ သူက စာချုပ်တစ်နှစ် ကျန်သေးတာပါပဲ။ ကျွန်တော်တို့က တော့ သူ့ကို စာချုပ်(၅)နှစ်ရှိနေတဲ့ ကစားသမားတစ်ယောက်လိုပဲ ဆက်ဆံသွားမှာပါ။ ဘာပေက သူစာချုပ် သစ်မချုပ်တော့ဘူးလို့ ပြောလာခဲ့ ရင်တောင် အဲဒါက လျှို့ဝှက်ဆွေး နွေးမှုပါ။ ပြောင်းရွှေ့ကြေးမပါဘဲ သူအလွတ်ထွက်သွားမလားလို့မေး ရင် ကျွန်တော်တော့ မထင်ပါဘူး။ ကျွန်တော်က စိတ်ကူးတွေနဲ့နေတဲ့သူ မဟုတ်ပါဘူး။ ဘာဖြစ်လာနိုင်တယ်၊ မဖြစ်နိုင်ဘူးလဲဆိုတာ တွေးမနေပါ ဘူး” ဟု ပြောကြားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular