spot_img

အတ္တလန္တာကိုသရေကျခဲ့ပြီးနောက် အာဆင်နယ်ကစားသမားသစ်ကို ချီးကျူးလိုက်တဲ့ အာတီတာ

အတ္တလန္တာနဲ့သရေကျခဲ့တဲ့ပွဲအပြီးမှာ အာတီတာက အာဆင်နယ်ကစားသမား ကာလာဖီအိုရီရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။

အီတလီသားဟာ ဘိုလော့ဂ်နာကနေ ရောက်လာပြီးကတည်းက ပွဲထွက်ခွင့်သိပ်မရသေးပဲ အတ္တလန္တာနဲ့ပွဲမှာမှ ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

myan789

တင်းဘားဒဏ်ရာအခြေအနေကြောင့် အာဆင်နယ်ဟာ ဘယ်နောက်ခံလူနေရာအတွက် ကာလာဖီအိုရီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နယ်သာလန်သားဟာ အခုရာသီသစ်မှာ ခြေစွမ်းကောင်းတွေပြသနေတာကြောင့် ကာလာဖီအိုရီအနေနဲ့ ပွဲထွက်ခွင့်နေရာအတွက် အားပြိုင်ရဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ အီတလီသားဟာ တင်းဘားအစားလူစားဝင်ကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။

“သူ(ကာလာဖီအိုရီ) မနေ့ညက တော်တော်ကောင်းခဲ့ပါတယ်။ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ပထမဆုံးမိနစ် ၂၀ နဲ့ ၂၅ မိနစ်အတွင်းမှာ ကျွန်တော်တို့ အစကောင်းခဲ့ပါတယ်။ ဘောလုံးနဲ့အတူ မှန်ကန်တဲ့နေရာတွေမှာ ကစားနိုင်ခဲ့ပါတယ်။

စိတ်အားထက်သန်မှု နဲ့ အကျိုးသက်ရောက်မှုလည်း မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အခွင့်အရေးအများအပြားတော့ မရခဲ့ပါဘူး။

အဲ့နောက် ကျွန်တော်တို့ တည်ငြိမ်မှုပျောက်ဆုံးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးနဲ့အတူ မတည်ငြိမ်တာတွေဖြစ်လာခဲ့ပြီး သာမန်ဘောလုံးပေးပို့မှုတွေပဲ လုပ်နိုင်ခဲ့ပါတယ်။

Arteta praised the performance of Arsenal player Calafiori

တစ်ဦးချင်းကပ်ကစားတဲ့အသင်းနဲ့ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ အလှည့်အပြောင်းတွေမလုပ်နိုင်ခဲ့သလို နေရာလွတ်တွေလည်းမရတော့ပါဘူး။ ခံစစ်ပိုင်းကတော့ ပြဿနာမရှိခဲ့ပါဘူး။ ဒါက အရှိတရားပါ။

ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပင်နယ်တီပေးခဲ့ရပြီး ရာယာရဲ့လက်စွမ်းကြောင့် သက်သာရာရခဲ့တာပါ။ ပွဲအပြီးမှာ သရေတစ်မှတ်ရယူနိုင်ခဲ့တာက ကျွန်တော်တို့အတွက် တကယ်ကောင်းတဲ့ရလဒ်ပါ။

မာတီနယ်လီအခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး။ အားလုံးခြုံကြည့်ရင် ကျွန်တော်တို့ အများကြီးတိုးတက်လာခဲ့ပါတယ်”လို့ အာတီတာက ချီးကျူးပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular