အတိတ်က သင်ခန်းစာတွေကို ကောင်းကောင်း အသုံးချပြီး အကီ ကို အမိအရ ခေါ်ယူသွားခဲ့တဲ့ မန်စီးတီး

ဒီရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်လိုက် ကတည်းက မန်စီးတီး ဟာ ခံစစ်မှုး ရှာပုံတော် ကို ဦးစားပေး ဖွင့်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အတွေးထဲမှာ မက်ဂွိုင်းယား ရဲ့ အပြောင်းအရွှေ့လို မဖြစ်စေရဘူး ဆိုတဲ့ သတိပေးချက်လေးကလဲ ကပ်ပါနေခဲ့ပါတယ်။

ဒါကြောင့်လဲ သူတို့ဟာ ဘုန်းမောက် အသင်း က နောက်တန်း ကစားသမား အကီ ကို ခေါ်ယူဖို့ အတွက် အလျှင်အမြန် လှုပ်ရှားသွားခဲ့တာ ဖြစ်သလို ၊ လီဗာပူး ဆီ ကနေ ပရီးမီးယားလိဂ် ချန်ပီယံ ဖလားကြီး ပြန်လည် လုယူနိုင်ဖို့ အတွက် နောက်ထပ် ခံစစ်မှုး တစ်ယောက် ကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

myan789

မန်စီးတီး ဟာ လာပေါ်တေး ကို ခေါ်ယူဖို့ ကနဦး ကြိုးစားခဲ့စဉ်က အပြီးသတ်ခါနီးမှ ပျက်ပြယ်ခဲ့ဖူးသလို ၊ ဘိုနူချီ တုန်းကလဲ နောက်ဆုံးမီးနစ် ရောက်မှ ဂျူဗီမှာပဲ ဆက်ရှိသွားဖို့ ဆုံးဖြတ်ချက် ချခဲ့ဖူးပါတယ်။ အနီးဆုံး ဖြစ်ရပ်ကတော့ မနှစ်က နွေရာသီ အပြောင်းအရွှေ့မှာ မက်ဂွိုင်းယား ကို ခေါ်ယူဖို့ အတွက် စာချုပ်ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရရှိပြီးခါမှ ၊ လက်စတာ က တောင်းဆိုတဲ့ ပေါင် သန်း 80 ပမာဏ ကို ပေးချေလိုခြင်း မရှိလို့ လက်လွှတ်လိုက်ရတာပါ။

အဲဒီ အတွက် ပက်ဂွာဒီယိုလာ ဟာ တော်တော်လေးကို ဒေါသထွက်ခဲ့ရပြီး ၊ အရင်းနှီးဆုံး မိတ်ဆွေတွေ လို့ သတ်မှတ်ထားတဲ့ အားကစား ဒါရိုတ်တာ ဘီဂရစ်စတိန်း နဲ့တောင် အချေတင် ဖြစ်တဲ့အထိ စကားများခဲ့ကြပါတယ်။

ဒီဖြစ်ရပ်တွေဟာ မန်စီးတီး ထိပ်ပိုင်း ခေါင်းဆောင်တွေ အကြားမှာ အပြောင်းအရွှေ့ ကာလ ရောက်တိုင်း တွေ့ရတဲ့ ပုံစံမျိုးတွေလို့တောင် ပြောရမယ် ထင်ပါတယ်။

ဂျော်ဂင်ဟို ကို ခေါ်ယူဖို့ ကြိုးစားခဲ့စဉ်ကလဲ ၊ အသင်းကို ရောက်တော့မလိုလို ဖြစ်နေတဲ့ အနေအထားကနေ ၊ ချဲဆီး ရဲ့ ကြားဖြတ်ဝင်ခုတ်သွားတာ ခံခဲ့ရဖူးသလို ၊ ဒီဂျောင် တုန်းကလဲ ဘာစီလိုနာ ရဲ့ လက်ဦးမှုကို ခံလိုက်ရဖူးပါတယ်။

ဒါကြောင့် ဘီဂရစ်စတိန်းဟာ ပက်နဲ့ နောက်ထပ် ထိပ်တိုက် မတွေ့ရဖို့ ဖာနန်ဒင်ဟို ရဲ့ နေရာ အစားထိုးမယ့် ရိုဒရီ ကို အမိအရ ခေါ်ယူပြခဲ့ရသလို ၊ ကွန်ပနီ ရဲ့ နေရာကို အဖြစ်မနေ အစားထိုးဖို့ အချိန်ရောက်နေပြီ ဖြစ်တာကြောင့်လဲ အကီ ကို စောစောစီးစီး စာချုပ် ချုပ်ဆိုနိုင်အောင် လုပ်ဆောင်ခဲ့ရတာပါ။

မက်ဂွိုင်းယား ရဲ့ အပြောင်းအရွှေ့ တုန်းကဆိုရင် စာချုပ် ကိစ္စတွေတောင် သဘောတူညီမှု ရရှိထားခဲ့ပြီးပါပြီ။ တစ်ဖက်မှာ ယူနိုက်တက် က ချဉ်းကပ်နေတာ ကို မန်စီးတီးက သိသလို ၊ အသင်းခေါင်းဆောင် ရာထူးမျိုး နဲ့ပါ မက်လုံးပေး စည်းရုံးလာမှာ ကို သိထားရဲ့သားနဲ့ လက်လွှတ်လိုက်ရတာပါ။

ဂျော်ဂင်ဟို တုန်းကတော့ ဆာရီ က သူ့ရဲ့ အဆက်အသွယ်တွေ ကနေ တဆင့် ၊ တစ်လှမ်းချင်း လှမ်းကာ အပိုင် ဆွဲယူသွားခဲ့တာပါ။ ဒါကြောင့် မန်စီးတီး ဟာ သူတို့ ခေါ်ယူမယ့် ပစ်မှတ်တွေ ဆိုရင် ယူနိုက်တက် နဲ့ ချဲဆီး က ဝင်လာနိုင်တာ ကို သတိကြီးကြီး နဲ့ အကဲခတ်နေပြီ ဖြစ်ပါတယ်။

အထူးသဖြင့် အကီ ရဲ့ အပြောင်းအရွှေ့မှာ အဲဒီ နှစ်သင်းက ပါဝင်လာနိုင်တဲ့ ဖြစ်နိုင်ချေတွေကို သေချာ စိစစ်ကာ လုပ်ဆောင်သွားခဲ့ရတာပါ။

အကီ ရဲ့ ပြောင်းရွှေ့ကြေး အတွက် ပေးချေလိုက်ရတဲ့ ပမာဏ ဟာ ပေါင် သန်း 40 + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ နောက်ထပ် ပေးချေမှု 1 သန်း ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ပေးရမယ့် 1 သန်း ဆိုတဲ့ ပမာဏဟာ ထိပ်တန်း အပြောင်းအရွှေ့ တစ်ခုအတွက် ထည့်ပြောလောက်စရာ ပမာဏမျိုး မဟုတ်ဘူးလို့ ထင်ရပေမယ့် ၊ ချဲဆီး က ဘုန်းမောက်ဆီ ရောင်းချလိုက်တဲ့ အချိန် မှာ (သူတို့ကလွဲပြိး) အခြား အသင်းတစ်သင်းကို ပြန်ရောင်းမယ် ဆိုရင် ပေါင် သန်း 40 နဲ့ အထက်မှ ရောင်းခွင့် ပြုနိုင်မယ် ဆိုတဲ့ အချက်အလက်မျိုးကို ထည့်သွင်းထားတာကြောင့် ပေးချေလိုက်ရတာပါ။

တစ်နည်း ဆိုရရင် အာဆင်နယ် နဲ့ လူးဝစ် ဆွာရက်တို့ တုန်းက ပေါင် 40000001 သန်း ပုံစံမျိုးနဲ့ အပြောင်းအရွှေ့ မပျက်ရအောင် 1 သန်း အထိ တိုးပေးပြီး လုပ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မန်စီးတီး ဟာ အကီ ကို ခေါ်ယူဖို့ စာချုပ်ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရရှိထားခဲ့တာ ကြာပြီ ဖြစ်ပေမယ့် ၊ ရာသီ သိမ်းခါနီး နောက်ပိုင်း အကီရဲ့ အေးဂျင့်တွေဆီ ဆက်သွယ်မှု အများဆုံး ပြုလုပ်ခဲ့တာ က ယူနိုက်တက်ပါ။

အိုးထရက်ဖို့မှာ ကစားခဲ့တဲ့ ဘုန်းမောက် နဲ့ ပွဲစဉ် အပြီး နည်းပြ ဆိုးရှားဟာ အကီရဲ့ အနားကို သွားကာ ဘယ်ခြေနဲ့ ကစားတဲ့ ခံစစ်မှုး တစ်ယောက် သူတို့ အသင်းက ရှာဖွေနေတဲ့ အကြောင်း အရိပ်အမြွက် ပြောဆိုကာ စည်းရုံးရေးတွေ စဆင်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ယူနိုက်တက် တာဝန်ရှိသူတွေ က အကီဟာ သူတို့လိုအပ်နေတဲ့ ခံစစ်မှုး ပုံစံမျိုး မဟုတ်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးလို ဘောလုံးကို ကိုင်ကစားမယ့် ခံစစ်မှုးမျိုး လိုအပ်တာ မဟုတ်ပဲ ၊ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှု အားကောင်းကောင်း နဲ့ တန်ပြန်တိုက်စစ်တွေ ၊ အမြင့်ဘောတွေကို အဓိက ရှင်းထုတ်နိုင်မယ့် ခံစစ်မှုးမျိုးကို ပိုပြီးတော့ လိုချင်တယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ လက်ရှောင် သွားခဲ့ပါတယ်။

ချဲဆီး ကလဲ အလားတူ အကြောင်းပြချက် မျိုးနဲ့ အကီ ကို ပြန်လည် ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့ခြင်း မရှိခဲ့တာပါ။

မန်စီးတီး ကတော့ အကီဟာ လာပေါ်တေး အတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့်တွေ ပြုလုနိုင်လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက် နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ သို့သော် အကီထက် ပိုပြီး ရုပ်ပိုင်းဆိုင်ရာ တောင့်တင်းကြံ့ခိုင်တဲ့ ၊ ဦးဆောင်မှု စွမ်းရည် ပိုမို မြင့်မားတဲ့ နောက်ထပ် ခံစစ်မှုး တစ်ယောက်ကိုလဲ ထပ်ပြီး ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

နောက်ထပ် အဓိက ပစ်မှတ်ကတော့ နာပိုလီ က ကူလီဘယ်လီ ဖြစ်ကာ ၊ ဂျော်ဂင်ဟို ကိစ္စတုန်းက ဖြစ်ခဲ့တဲ့ နှစ်သင်းအကြား ပြသနာတွေကြောင့် ၊ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးမှုတွေမှာ ခက်ခဲလျှက် ရှိနေပါတယ်။ မန်စီးတီး က ယူရို 65 သန်းသာ ပေးချေဖို့ ဆန္ဒရှိနေပြီး ၊ နာပိုလီ ကတော့ ယူရို သန်း 80 မရရင် မရောင်းနိုင်ဘူးလို့ အတိအလင်း ပြောဆိုထားခဲ့ပါတယ်။

အကယ်၍ ကူလီဘာလီ ကိုသာ ခေါ်ယူနိုင်ခဲ့ခြင်း မရှိဘူး ဆိုရင် ဆီဗီလာ အသင်းက ဒီယေဂို ကာလို့စ် ဟာ ဒုတိယ ဦးစားပေး ပစ်မှတ် ဖြစ်လာဖွယ် ရှိနေပါတယ်။

ခံစစ်မှုး 2 ဦး အထိ အားဖြည့်ဖို့ လုပ်ဆောင်နေတာကြောင့် ၊ ဂျွန်စတုန်း နဲ့ အော်တာမန်ဒီ တို့ကတော့ အသင်းနဲ့ လမ်းခွဲမယ့် ဘက်အခြမ်းကို ဦးတည်လျှက် ရှိနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular