စပိန်ဝါရင့်ကွင်းလယ်လူ အစ္စကို (၃၁ နှစ်)နှင့် ဘက်တစ်အသင်းတို့၏ စာချုပ်တွင် ယူရိုသန်း (၁၀)သန်းတန် လျော်ကြေးအချက်ပါဝင်ကြောင်း နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုကဖော်ပြခဲ့သည်။
၂၀၂၃ ဇန်နဝါရီက ဆီဗီလာအသင်းနှင့်လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အစ္စကိုသည် ပြီးခဲ့သည့်နွေရာသီအတွင်း ဘက်တစ်အသင်းထံတစ်နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပြီး လက်ရှိတွင်ပုံမှန်ခြေစွမ်းပြန်ရနေသည့် ၎င်း(အစ္စကို)အား လျော်ကြေး ယူရို (၁၀)သန်းဖြင့်ခေါ်ယူနိုင်မည်ဖြစ်သည်။
အစ္စကိုသည် ဘက်တစ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားရာတွင် တစ်ပွဲလျှင် အနည်းဆုံး(၄၅)မိနစ်ဖြင့် တစ်ရာသီလျှင် (၂၅)ပွဲ ကစားနိုင်ခဲ့ပါက ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးနိုင်မည့်အချက် ပါဝင်ကြောင်းလည်း သိရသည်။