spot_img

အင်္ဂလန်အသင်းအနေဖြင့် ကွဲပြားခြားနားသည့် ဂျာမနီအသင်းကို မြင်တွေ့ရမည်ဟု နည်းပြ ယော်ကင်လိုး သတိပေး

ဝင်ဘလေကွင်းတွင်ကစားမည့် ရှုံးထွက်(၁၆) သင်းအဆင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းအနေဖြင့် ကွဲပြားခြားနားသည့် ဂျာမနီအသင်းကို မြင်တွေ့ရမည်ဟု အသင်းနည်းပြ ယော်ကင်လိုးက ဟန်ဂေရီနှင့် ပွဲအပြီးတွင် သတိပေးခဲ့သည်။

ဂျာမနီအသင်းသည် ဟန်ဂေရီနှင့်ပွဲတွင် နောက်မှ ချေပဂိုးများ လိုက်သွင်းနိုင်ခဲ့ခြင်းကြောင့်သာ သရေတစ်မှတ်ရပြီး အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်တက်ခဲ့ခြင်းဖြစ်သည်။

myan789

”ကျွန်တော်တို့ အမှားတွေ အမြောက်အမြား ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ရည်ခိုက်ရည်အပြည့်နဲ့ ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာကို ပြသနိုင်ခဲ့ပါတယ်။ ဒါက သူရဲဘောကြောင်တာ မဟုတ်ပါဘူး။ အဆုံးသတ်မှာတော့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာက ကောင်းမွန်တဲ့အရာပါ။ ပြီးတော့ ဒါက ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ အင်္ဂလန်အသင်းနဲ့ ကစားရမှာပါ။ အဲဒီပွဲအတွက် စောင့်စားမျှော်လင့်နေပါတယ်။ ဝင်ဘလေကွင်းမှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတာဟာ တကယ့်ကို စိတ်ဝင်စားစရာ အကောင်းဆုံးပါပဲ။ အခုပွဲနဲ့ ကွဲပြားခြားနားတဲ့အသင်း ဖြစ်နေပါလိမ့်မယ်။ ဒါကိုတော့ ကျွန်တော် ကတိပေးနိုင်ပါတယ်”ဟု ယော်ကင်လိုးက ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ဂျာမနီအသင်းကို ဝင်ဘလေကွင်းတွင် နောက်ဆုံးအနိုင်ကစားခဲ့သည်မှာ ၁၉၇၅ ခုနှစ်က ခြေစမ်းပွဲတွင်ဖြစ်ပြီး ယင်းနောက်ပိုင်းကစားသည့် (၇)ပွဲတွင် (၁)ပွဲသာသရေကစားနိုင်ခဲ့ကာ (၆)ပွဲအထိ အရေးနိမ့်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular