spot_img

အင်္ဂလန်သို့ မသွားရန် ဂျာမန်ပရိသတ်များ သတိပေးခံရ

ဂျာမန်ပရိသတ်များအနေဖြင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းတွင် အင်္ဂလန်အသင်းနှင့်ကစားမည့် အသင်း၏ပွဲစဉ်ကို သွားရောက်အားပေးခြင်းမပြုရန် သတိပေးခံခဲ့ရကြောင်း သိရှိရသည်။

ယူရို-၂၀၂၀ ပြိုင်ပွဲ၏ ရှုံးထွက်(၁၆)သင်းအဆင့်တွင် ဂျာမနီအသင်းသည် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းပွဲကို ဇွန်လ (၂၈)ရက်တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်သည်။

myan789

အဆိုပါပွဲစဉ်ကို ကြည့်ရှုရန်အတွက် ဂျာမန်ပရိသတ်များ စီစဉ်နေကြသော်လည်း ဂျာမန်ဆေးပညာရှင် ဖရန့်အူလ်ရစ်ချ်က ဂျာမန်ပရိသတ်များကို အင်္ဂလန်နိုင်ငံသို့ သွားရောက်အားပေးခြင်းမပြုရန် သတိပေးထားကြောင်း သိရသည်။

၎င်းက ဗြိတိန်တွင် မျိုးကွဲကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရှိနေသောကြောင့် ပရိသတ်များအနေဖြင့် မစွန့်စားသင့်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းပွဲ၌ ပရိသတ်(၄၅၀၀၀)အထိ ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင် ဖြစ်မိ သည်ဟုလည်း ဖရန့်အူလ်ရစ်ချ်က ပြစ်တင်ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular