ရိုးမားအသင်းနည်းပြသစ် မော်ရင်ဟိုက မိမိသည် အင်္ဂလန်အသင်းပရိသတ်ဖြစ်ပြီး ဟာရီကိန်း ဆုဖလားကိုင်မြှောက်သည်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။
ယူရို-၂၀၂၀ ပြိုင်ပွဲမှ မိမိ၏နိုင်ငံအသင်း ပေါ်တူဂီ ထွက်ခွာခဲ့ရပြီးနောက် အီတလီနှင့် အင်္ဂလန် တွေ့ဆုံစေလိုကြောင်းလည်း မော်ရင်ဟိုက ဆိုခဲ့သည်။
မော်ရင်ဟိုက ”ဗိုလ်လုပွဲမှာ အီတလီနဲ့ အင်္ဂလန်တွေ့ရင် ကျွန်တော့်အတွက် လှပတဲ့ မြင်ကွင်းဖြစ်လာမှာပါ။ ကျွန်တော်ဟာ အင်္ဂလန်ပရိသတ်ဖြစ်ပြီး UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်ဆီက ဟာရီကိန်း ဖလားယူပြီး ကိုင်မြှောက်တာကို ကျွန်တော် မြင်တွေ့ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
မော်ရင်ဟိုက ဟာရီကိန်း၏ ယခုနှစ်ပြသခဲ့သော ခြေစွမ်းအရ အောင်မြင်မှုတစ်ခုခု ရယူနိုင်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။