spot_img

အင်တာမီလန် ရုန်းကန်နေရခြင်းသည် လူကာကူကြောင့်ဖြစ်ကြောင်း အင်တာတိုက်စစ်မှူးဟောင်း ထုတ်ပြော

အင်တာမီလန်အသင်းအနေဖြင့် စီးရီးအေတွင် ရုန်းကန်နေရခြင်းနှင့်ပတ်သက်ပြီး တိုက်စစ်မှူး လူကာကူတွင် တာဝန်ရှိကြောင်း အင်တာမီလန်တိုက်စစ်မှူးဟောင်း ဗီရာရီကပြောဆိုလိုက်သည်။

အင်တာသည် သောကြာနေ့က စပါးဇီးယားကို ရှုံးနိမ့်ပြီးနောက်တွင် အမှတ်ပေးဇယား၌ ဦးဆောင်နေသော နာပိုလီအသင်းနှင့် ၁၈ မှတ်ကွာဟနေပြီဖြစ်သည်။ အင်တာမီလန်သည် အဆုံးသတ်ပိုင်း အားနည်းချက်ကြောင်း ယခုကဲ့သို အမှတ်နည်းနေရခြင်းဖြစ်ကြောင်း အသင်းတွင် ၆ ရာသီကြာကစားခဲ့သော ဗီရာရီက ထုတ်ဖော်ပြောဆိုလိုက်သည်။

myan789

“အင်တာမီလန်ကစားပုံကောင်းပါတယ်။ အိမ်ကွင်းပွဲစဉ်တွေမှာဆိုရင် တစ်ပွဲကို ဂိုးသွင်းခွင့် ၁၀ ကြိမ်လောက်ဖန်တီးနိုင်တယ်။ ဒမ်ဖရီးစ်ကလည်း ဖြတ်တင်ဘောတွေပို့တယ်။ ဒီမာကိုကလည်း  ဖြတ်တင်ဘောတွေကန်တယ်။ ဘာရယ်လာလည်းရှိနေတယ်။ လူကာကူအတွက် ဝိုင်းပြီးဖန်တီးပေးကြတဲ့ ကစားသမားတွေရှိပါတယ်။ ပြောစရာတစ်ခုပဲရှိတယ်။ ကျွန်တော်သာ လက်ရှိအင်တာမီလန်အသင်းမှာ ကစားခွင့်ရခဲ့ရင် နှစ်တိုင်းဂိုးအများဆုံးသွင်းသူဆုကို ရရှိမှာပဲ ဖြစ်ပါတယ်”ဟု ဗီရာရီက ပြောဆိုလိုက်သည်။

လူကာကူသည် ချဲလ်ဆီးတွင် အဆင်မပြေဖြစ်ပြီးနောက် အင်တာမီလန်တွင် အငှားဖြင့် လာကစားနေသူဖြစ်သည်။ လူကာကူသည် လက်ရှိဘောလုံးရာသီတွင်ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး စုစုပေါင်း ၁၇ ပွဲကစားကာ ၅ ဂိုးသာသွင်းယူပေးထားနိုင်သည်။ အင်တာမီလန်အကြီးအကဲ မာရော့တာက လူကာကူသည် လာမည့်နွေရာသီတွင် ချဲလ်ဆီးအသင်းသို့ ပြန်မည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း လူကာကူကမူ အင်တာမီလန်သို့ အမြဲတမ်းစာချုပ်ဖြင့် ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular