spot_img

အင်တာမီလန်အသင်း တစ်ရာသီအတွင်း ရမှတ်ဒုတိယ အများဆုံးနှင့် သွင်းဂိုးတတိယအများဆုံး မှတ်တမ်းကောင်းပိုင်ဆိုင်

ပြီးခဲ့သည့်စီးရီးအေရာသီပိတ်ပွဲစဉ်တွင် အူဒီးနီးစ်အသင်းကို (၅-၁)ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အင်တာမီလန်အသင်းသည် တစ်ရာသီအတွင်း ရမှတ်နှင့် သွင်းဂိုးမှတ်တမ်းကောင်းများ ပိုင်ဆိုင်ခဲ့သည်။

အင်တာမီလန်အသင်းသည် စီးရီးအေချန်ပီယံဆုကို ပြီးခဲ့သည့်မေလ(၂)ရက်တွင် တရားဝင်ရရှိခဲ့ပြီး ရာသီပိိတ်ပွဲစဉ်အပြီး၌ ရမှတ် (၉၁)မှတ်ရရှိသဖြင့် တစ်ရာသီအတွင်း ရမှတ်ဒုတိယအများဆုံးစံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။

myan789

၂၀၀၆-၀၇ ရာသီတွင် အင်တာမီလန်အသင်းသည် တစ်ရာသီအတွင်း ရမှတ် (၉၇)မှတ်အထိရရှိပြီး သမိုင်းတစ်လျှောက် ရမှတ်အများဆုံးရာသီအဖြစ် စံချိန်တင်ထားကြောင်း သိရသည်။

၂၀၂၀-၂၁ ရာသီတွင် အင်တာမီလန်အသင်းသည် စီးရီးအေပြိုင်ဘက်အသင်းများကို အိမ်ကွင်း(သို့မဟုတ်)အဝေးကွင်းများ၌ အနည်းဆုံး (၁)ကြိမ်အနိုင်ရသည့် မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့သည်။

နည်းပြ ကွန်တီ၏ အင်တာမီလန်အသင်းသည် ၂၀၂၀-၂၁ ရာသီတွင် စီးရီးအေသွင်းဂိုး (၈၉)ဂိုးအထိ သွင်းယူနိုင်သဖြင့် သမိုင်းတစ်လျှောက် တစ် ရာသီအတွင်း တတိယမြောက်စီးရီးအေသွင်းဂိုးအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အင်တာမီလန်အသင်းသည် ၁၉၅၀-၅၁ ရာသီတွင် တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုး (၁၀၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုးအများဆုံး စီးရီးအေရာသီအဖြစ် စံချိန်တင်ထားခြင်းဖြစ်သည်။

တစ်ရာသီအတွင်း ဒုတိယမြောက် စီးရီးအေသွင်းဂိုးအများဆုံးရာသီအဖြစ် အင်တာမီလန်အသင်းသည် ၁၉၄၉-၅ဝရာသီတွင် (၉၉)ဂိုးသွင်းယူ၍ မှတ်တမ်းဝင်ထားခြင်း ဖြစ်သည်။

ထို့ပြင် အူဒီးနီးစ်အသင်းနှင့်ပွဲသည် အင်တာမီလန်အသင်းအတွက် စီးရီးအေပြိုင်ပွဲတွင် (၁၄၉၆)ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် ၂၀၂၀-၂၁ ရာသီတွင် ဆယ်စုနှစ်တစ်ခုကျော်ဝေးကွာနေသည့် စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော်လည်း အဆိုပါ အောင်ပွဲအား ဖန်တီးပေးခဲ့သော နည်းပြ ကွန်တီ၏ အနာဂတ်မှာ မရေမရာဖြစ်နေသည်။

ကွန်တီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အင်တာမီလန်အသင်း ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဆုံတွေ့ခဲ့ပြီး သူ၏အနာဂတ်အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အီ တလီမီဒီယာများက ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်း၏ စီးရီးအေအောင်ပွဲအတွက် ကွန်တီ ဂုဏ်ယူကျေနပ်နေသော်လည်း အနာဂတ်စီမံကိန်းများနှင့်ပတ်သက်၍ စိတ်တိုင်းမကျဖြစ်နေကြောင်း သိရသည်။

ကွန်တီက အင်တာမီလန်အသင်းကစားသမားများအနေဖြင့် သူမရှိလျှင်လည်း အောင်မြင် မှုများရယူနိုင်စွမ်းရှိကြောင်း အူဒီးနီးစ်နှင့်ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular