အဲဗာတန်အသင်း၏ နည်းပြ လမ်းပတ်က အခြေအနေမှန်ကို နားလည်ရန် ပရိသတ်များကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
အဲဗာတန်အသင်းသည် မနေ့ကကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လိဒ်အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သလို ယခုရာသီ ပရီးမီးယားလိဂ်တွင် နိုင်ပွဲမရရှိသေးသည့် အသင်း(၃)သင်းထဲ၌ ပါ ဝင်နေသည်။
အဲဗာတန်အသင်းသည် နိုင်ပွဲမရရှိသေးသည့်အပြင် အသင်းမှာလည်း ယနေ့ပွဲစဉ်များမကစားရသေးမီ အဆင့် ၁၅ သို့ ရောက်ရှိနေသောကြောင့် လမ်းပတ်မှာလည်း ရာထူးမှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြတစ်ဦးအဖြစ် ထင်ကြေးပေးခံနေရသည်။
ယင်းအတွက် လမ်းပတ်က အပြောင်းအရွှေ့စျေးကွက်၌ ငွေကြေးသုံးစွဲနိုင်ခြင်းမရှိ သည့် အသင်း၏ အခြေအနေမှန်ကို နားလည်ရန် ပရိသတ်များကို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။