အကြောင်းမဲ့တိုက်ခိုက်ခံရမှုတစ်ခုကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသည့် သြစတြေးလျ၌ ဘောလုံးကစားနေသူ အင်္ဂလန်တိုက်စစ်မှူးတစ်ဦးကို မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းဘောလုံးသမားမှာ ဒန်နီဟော့ဒ် ဆန်ဆိုသူဖြစ်ပြီး National Premier LeaguesWestern Australia ပြိုင်ပွဲဝင် ECU Joondalup အသင်းတွင် ကစားနေလျက်ရှိသည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က အသက် ၂၆ နှစ်ပြည့်ခဲ့သည့် ဟော့ဒ်ဆန်သည် စက်တင်ဘာ ၄ ရက်က အကြောင်းမဲ့တိုက်ခိုက်ခံ ရခြင်းဖြစ်ပြီး လက်ရှိတွင် Royal Perth ဆေး ရုံတွင် ကုသမှုခံယူနေရသည်။ ၎င်းသည် အ ရေးပေါ်ခွဲစိတ်ကုသမှု ခံယူပြီးနောက် မေ့မြော နေဆဲဖြစ်ပြီး ICU ထဲ$ အခြေအနေတည်ငြိမ် သော်လည်း အသက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒို က ၎င်းင်းထံ ဗီဒီယိုမက်ဆေ့ချ် ပေးပို့ခဲ့ပြီး အားပေးစကား ဆိုခဲ့ခြင်းဖြစ်သည်။ “Hi ဒန်နီရေ၊ ခင်ဗျားရဲ့အကြောင်းကို ကျွန်တော် ကြားခဲ့ရတယ်။ မကြာမီမှာ ခင်ဗျား နေကောင်းသက်သာလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မန်ချက်စတာမှာ ကျွန်တော့်တို့ရဲ့ပွဲ တွေထဲက တစ်ပွဲကို လာရောက်ကြည့်ရှုဖို့ ခင်ဗျားကို ဖိတ်ပါတယ်။ ကျွန်တော့်ရဲ့မိတ်ဆွေ မကြာမီမှာ နေပြန်ကောင်းပါစေ။ ဂရုစိုက်ပါ”ဟု စီရော်နယ်လ်ဒိုက ယင်းဗီဒီယိုဖိုင်တွင် ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒို၏အသင်းဖော်နှင့် အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဒင်းန်ဟန်ဒါဆန်ကလည်း ဟော့ဒ်ဆန်အတွက် ဆုတောင်းစကား ဆိုခဲ့သည်။ “ကြံ့ကြံ့ခိုင်ပြီး အခုအခြေအနေကို ခင်ဗျား ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ခင်ဗျားအတွက် ဘယ်လောက်ခက်ခဲခဲ့သလဲဆိုတာကို နားလည်ပြီး မကြာမီ ကျန်းမာလာမှာပါ။ မန်ချက်စတာယူနိုက်တက်ရဲ့ပွဲတစ်ပွဲကို ခင်ဗျား လာရောက်ကြည့်ရှုကာ အသင်းက ကစားသမားတွေနဲ့ တွေ့ဆုံရမယ့်အချိန်ကို ကျွန်တော့်အနေနဲ့ မစောင့်နိုင်တော့ပါဘူး။ ခင်ဗျားအတွက် အကောင်းဆုံးတွေရရှိစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်”ဟု ဟန်ဒါဆန်က ပြောကြားခဲ့သည်။
ဟန်ဒါဆန် သည် ကစားသမားဘဝအစတွင် ကယ်လိုင်းအသင်း၌ ဟော့ဒ်ဆန်နှင့်အတူ ဘောလုံးကစားခဲ့သူဖြစ်သည်။ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းအပါအဝင် အခြားဗြိတိန် အခြေစိုက် ကလပ်အသင်းများကလည်း ဟော့ဒ်ဆန်အတွက် ဆုတောင်းမက်ဆေ့ချ် များ ပေးပို့ခဲ့ကြောင်း သိရသည်။
ECU Joondalup အသင်းသည် ဟော့ဒ်ဆန်အတွက် ရန်ပုံငွေဘောလုံးပွဲတစ်ရပ်ကို စက်တင်ဘာလ ၂၁ ရက်က သြစတြေးလျအေ-လိဂ်ကလပ် ပါ့သ်ဂလိုရီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ဟော့ဒ်ဆန်၏မိဘနှစ်ဦးသည် လက်ရှိ တွင် သြစတြေးလျသို့ ရောက်ရှိနေပြီး သြစတြေးလျဥပဒေအရ Quarantine ဝင်လျက်ရှိကြောင်း သိရသည်။